လူကိုတိုက်ပြီး သတ်တဲ့ မတော်တဆ ကြံရာပါဖြစ်ပြီး အခုမှတ်ဉာဏ်ထိပါ အားလုံး ပျောက်ဆုံးနေတဲ့ အဖြစ် ရယ်ချင်လိုက်တာ 'Nunew မင်းဘယ်တုန်းက ဟာသ ကြီးဖြစ်သွားတာလဲ?'(သူ့ ကိုယ်သူ ပြောတာပါ)

ဆရာဝန်က အချိန်ယူပြီး ကုရ မည်ဖြစ်ကြောင်း အရမ်းစိတ်ပူ စရာမလိုကြောင်း မတော်တဆ ကြောင့် shockရပြီး ဖြစ်သွားတာဖြစ်ကြောင်း သိပ်မကြာခင် ဆေးရုံဆင်းလို့ ရပြီ ဖြစ်ကြောင်း စသည်ဖြင့် ငြီးငွေ့ စရာအကြောင်းအရာတချို့ကို ထပ်ခါထပ်ခါ ပြောဆိုနေတယ် "စိတ်ဝင်စားဖို့ မကောင်းဖူး" သူ့ဟာသူ တကိုယ်စာကြားရုံ လောက်အသံဖြင့် ပြောဆိုလိုက်သည်။

သူ့ဘေးနားကကပ်ထိုင်နေတဲ့ အမေက သူမသားရဲ့ ထူးဆန်းတဲ့စကားကြောင့် မျက်လုံးပြူး သွားရချေတော့သည်။ သူမ သားဟာ ငယ်"ကကော မတော်တဆမဖြစ်ခင်ထိကော ယဉ်ယဉ်ကျေးကျေးအမြဲ ပြောဆိုပြီး တဖက်လူစကား ကို သေချာနားထောင်ပြီးမှ ပြောဆိုတတ်သည့် လူစားမျိုး ၊ အခု စိတ်ဝင်စားဖို့ မကောင်းဖူး ဆိုသည့် စကားသံကို ကြားလိုက်ရသည့်အခါ သူမ မှာ အံ့ဩသွားရချေတော့သည် ဦးနှောက်များထိသွားပြီလား ဟု ထင်ရချေသည်။

၃ရက်ကြာသည့်အခါ ဆေးရုံဆင်းခွင့်ရခဲ့သည် ဒါပေမယ့် သူဟာ ဘာကိုမှစိတ်မဝင်စား ဘာကြောင့် မတော်တဆဖြစ်ရ သည်ဆိုတဲ့ အကြောင်းအရင်း ကိုပဲ ရှာဖွေချင်သည်

သူ့အိမ် ပြန်ရောက်သည်နှင့် သူနဲ့ပတ် သတ်သမျှ အရာအားလုံးကို စတင်ရှာဖွေပါတော့သည် တွေ့ရှိလာရသည်များက သူ၏ ဒိုင်ယာရီစာအုပ်များ သာဖြစ်ပေသည် ထိုစာအုပ် များအတွင်း၌ သူဟာ Zeeဆိုသော တစုံတယောက် ကို အထက်တန်းနှစ်မှစကာ နှစ် နှစ်ကာကာ တဖက်သတ်ချစ် မြတ်နိုးလာခြင်းကို သိလိုက်သည်အခါ ခေါင်းပင်ခြောက်သွားသလို ခံစားလိုက်
ရသည်၊

Nunew pov: ဟမ် ငါက ယောကျာ်းလေးတစ်ယောက်ကိုကြိုက်နေတာလား

ဒိုင်ယာရီစာအုပ်များ အတွင်းရှိ အကြောင်းအရာ အများစုက ထိုမမြင်ဖူးသော သူ၏ အကြောင်းအရာအများ စုသာ ဖြစ်ပေသည် အနှစ်ချုပ် ယူဆလိုက်ရရင် ထိုသူဟာ ကျောင်း၏နာမည်ကြီးဖြစ် ပြီး စာတော်သည်ဟုယူဆရ သည် သူဟာ အရိပ်သဖွယ် ၅နှစ်တာအား ထိုသူအား ချောင်းကြည့်ခြင်းဖြင့် ကုန်ဆုံး ခဲ့ရသည် သေချာသိလိုက်ရ သည့်အချက်က သူဟာ ထို သူအပေါ် လေးစားချစ်ခင်ရသည့်အချစ်မျိုး ကြင်နာသောသူဟုယူဆရ သောကြောင့် ကြိုက်ခဲ့ခြင်း များလားမသိချေ ယခုလက်ရှိ မှာတော့ သူဟာ ထိုသူအပေါ် အလွန်တရာပင် မုန်းတီးလာပေသည်

မင်းကို ချစ်စေခဲ့သော ကံကြမ္မာ...Where stories live. Discover now