အပိုင်း၆

59 4 0
                                    

Unicode

ရှောင်းကျန့်လည်းဝမ်ရိပေါ်ကိုကြည့်၍ပင်
"သစ္စာဖောက်တယ်မခေါ်ဘူး မှန်ရာပြန်ပြောတယ်လို့ခေါ်တယ်"

မစ္စကောင်းကသူတို့ကိုကြည့်ကာ ရယ်လိုက်ပြီး

"ကဲကဲ အချစ်မောင်နှံရေ အရင် ဘယ်လိုအဝတ်အစားပုံစံမျိုးကို ကျွန်မဖန်တီးပေးရမလဲ မေးပါရစေအုံး"

မစ္စကောင်းပြောအပြီးဝမ်ရိပေါ်ကရှောင်းကျန့်ကိုလှမ်းကြည့်လိုက်သည်။

ရှောင်းကျန့်ကဝမ်ရိပေါ်ကြည့်လိုက်သည်နှင့် သူယူလာသည့်ဖိုင်လေးကိုထုတ်ပေးလိုက်သည်။

"စဥ်းစားထားတာလေးတော့ရှိပါတယ်
ကျွန်တော်ဒီဇိုင်းလေးတော့ဆွဲလာခဲ့တယ် တစ်ချက်လောက်ကြည့်ကြည့်ပါအုံး"

မစ္စကောင်းကရှောင်းကျန့်၏လက်ထဲမှာ ဖိုင်လေးကိုယူလိုက်၍ကြည့်လိုက်သည် ။တစ်စုံလုံး ဆွဲထားသည်အပြင် တစ်ခုချင်းစီပါခွဲ၍ဆွဲပြထားသည်ကြောင့် ရှောင်းကျန့်၏အသေးစိတ်ဂရုစိုက်ပုံကိုတွေ့နေရသည်။မစ္စကောင်းအတွက် ကအဆင်ပြေသည်ထက်ပင်ပိုနေပြီဖြစ်သည်ကြောင့်

"အဆင်ပြေပါတယ် ရှောင်းကျန့်ရဲ့ဒီဇိုင်းပုံစကေးကလက်ဖျားခါလောက်စရာပဲ"

"မဟုတ်တာ အဲ့လောက်လည်းမဟုတ်ပါဘူး"

"တကယ်ကိုကောင်းလို့ ပြောနေတာပါ ဒီဇိုင်နာလောကအတွက် ရှောင်းကျန့်ကဆုံးရှုံးမှုတစ်ခုပဲ နှမြောစရာပါပဲ"

ဟူ၍ခေါင်းတရမ်းရမ်းနှင့်ပြောလာသော မစ္စကောင်းကြောင့်ရှောင်းကျန့်မှာ ဘာပြောရမည်မှန်းပင်မသိတော့။

"အကယ်၍ ရှောင်းကျန့် မှာ ဒီဇိုင်းနာဘက်ကိုလုပ်ဖို့စိတ်ကူးရှိရင် ကျွန်မကိုဆက်သွယ်လို့ရတယ်နော် ဘာပဲပြောပြော အနုပညာလောကကသူတွေက စီးပွားရေးတစ်ခုခုနဲ့တွဲလုပ်ကြတာပဲလေ"

ရှောင်းကျန့်လည်း မစ္စကောင်း၏အပြောကိုလက်ခံလိုက်ပြီး

"ဟုတ်ကဲ့ပါ လောလောဆယ်တော့ ကျွန်တော် အနုပညာဘက်ပဲအားစိုက်ချင်လို့"

"နားလည်ပါတယ် အချိန်မရွေးကြိုဆိုလျက်ပါနော်"

ရှောင်းကျန့်နှင့် မစ္စကောင်းစကားပြောနေစဥ်အတွင်းဝမ်ရိပေါ်ကဝင်မပြောပဲ လက်စွပ်ဒီဇိုင်းများကိုကြည့်နေသည်။ပြီးနောက်အကြိုက်မတွေ့သည့်ပုံပေါ်သည်။ရှောင်းကျန့်တို့စကားပြောပြီးသွားသည်ကိုမြင်သည်နှင့်

You've reached the end of published parts.

⏰ Last updated: Dec 18, 2023 ⏰

Add this story to your Library to get notified about new parts!

The Rule Of The HeartWhere stories live. Discover now