အပိုင်း (၁)

1.1K 39 0
                                    

အပိုင်း (၁)

"ဟင့်အင်း မေမေ သမီး မိန်းကလေးတစ်ယောက်ကို လက်မထက်နိုင်ပါဘူး"

"အို သမီးရယ် မေမေ သမီးကို ခင်ဌားမောင် က စောင့်ရှောက်နိုင်ပါတယ် အဟွတ်"

မေမေ သည် ယဉ်နှိုင်းမေ ကိုစိတ်မချပါ။
အဖေဖြစ်သူဆုံးသွားသည့် အချိန်က စပြီးသူမ၏သမီးကို သူမကိုတိုင် စောက်ရှောက်တာဖြစ်သည်။
၅နှစ်လောက် သူမ၏ သမီးကို ချောကလက်စက်ရုံမှာ အလုပ်လုပ်ပြီး စောက်ရှောက်ခဲ့ရ‌ေသးသည်။ စိတ်မကောင်းစွာဖြင့် သူမ၏ရောဂါ သည် ကင်ဆာ နောက်ဆုံးအဆင့်မှာ ဖြစ်သည်ကို သိရသော် သူမ၏ သမီးကို စိတ်မချနိုင်။
သူမ၏သမီးသည် ဘာဆိုမှ မလုပ်တက်။မလုပ်တက်သည်က သူမကိုယ်တိုင် ဘာကိုမျှမခိုင်း။
သူမ အိမ်အလုပ်လူပ်လျှင် ဘေးနားမှာ 'ဘာလုပ်ပေးရအုန်းမလဲ မေမေ' ဆိုပြီးမေးတက်ပေမဲ့ သူမကိုယ်တိုင်က ကိုမခိုင်း။

သူမ၏အလုပ်လုပ်နေသည့် စက်ရုံကို ပိုင်သည့် မိန်းကလေးသည် အသက်ငယ်၏။ ထို မိန်းကလေးက သူမ၏ သမီးနှင့် အသက်ရွယ်တူပင်။
တစ်နေ့ထို မိန်းကလေးက အိပ်ယာထဲ လဲနေသည့် သူမကို လာကြည့်ရင်း သူမ၏ သမီးကို တွေ့လျှင် ထိုသို့ပြောသည်။ထို မိန်းကလေးက သူမကို ဆေးကုသ ခံယူ ပါ။သူမ ထောက်ပံ့ပေးမည်ဟု ပြောသော်လည်း ကိုယ့်ကျန်းမာရေးအကြောင်းကိုယ်သိသည် သူမအသက်ရှင်ဖို့ ဘယ်လောက်မျှ မကျန်တော့ပေ။

"အဒေါ့် သမီးကို ကျွန်မ လက်ထက်ပါရစေ"

‌သူမသည် ထိုစကားကို ကြားကြားခြင်း လန့်သွားသည်။
ထို မိန်းကလေးက ရှပ်တွေ သာ ဝတ်ပြီး နေပေမဲ့ စကားအသွားအလာက ယဉ်ကျေးပြီး မိန်းကလေးဆန်သည့်အတွက် သူမကို သည်လို ပြောမည်လို့မထင်သလို ထင်လဲ မထင်ရဲပါ။
သို့သော် ထို မိန်းကလေးနှင့်ဆို သူမ၏သမီးကို စိတ်ချမည်။ အဘယ်ကြောင့်ဆိုသော် ထို မိန်းကလေးသည် သည် ချောကလက်စက်ရုံကို ပိုင်ရှင် ဖြစ်သည်သာမက
FY ဆိုသည့် Entartainment company တစ်ခု၏ CEO ဖြစ်သည် ဟုလည်းသူမ ကြားထားသည်။
သည်လို ထက်မြက်သည့် မိန်းကလေးကို သူမ သမီးနှင့် လက်ထက်ပေးလိုက်လျှင် သူမ မှားမည်မဟုတ်။

နှိုင်း..Where stories live. Discover now