"ဘာလို့ဆရာက မလာသေးတာလဲ၊ သူက အခြားလူရဲ့ အချိန်ကို ခိုးချင်လွန်းလို့ စောစောလာတတ်တာပါ"

"သူ တစ်ခုခုကြောင့် ကြာနေတာ ဖြစ်မှာပေါ့၊ သူ့ရဲ့ အကျင့်နဲ့ဆိုရင် သေချာပေါက် မနောက်ကျလောက်ဘူး"

"ငါ ကြားထားတဲ့အတိုင်းဆိုရင် ဆရာက ငါတို့ထက် နှစ်နည်းနည်းလောက်ပဲ ပိုအသက်ကြီးတဲ့ သင်ကြားရေး လက်ထောက်တစ်ယောက် ငှားထားတယ်တဲ့၊ အဲ့ဒီတစ်ယောက်က ချောတယ်ဆိုပဲ၊ တကယ်ဟုတ်မဟုတ် ငါလည်းသိချင်နေတာ၊ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ သူ့ကို မမြင်ဖူးဘူး မဟုတ်လား၊ သူ့နာမည် ဘာ ဪ ပါးစပ်ဖျားလေးတင် ငါ မေ့နေပြီ"

"ဒီနှစ်မှာ အဲ့ဒီလောက်ချောတဲ့သူက ဘယ်ရှိနိုင်ပါ့မလဲ၊ သူတို့ပြောကြတာတော့ ရူပဗေဒဌာနက အဲ့ဒီကျောင်းသားက အချောဆုံးတဲ့လေ၊ ပေါက်ကရတွေ၊ အ‌ချောဆုံးကောင်လေးတွေဆိုတာက တကယ်မရှိဘူး"

သို့ရာတွင် ထိုမျှတခဏတွင် တံခါးက ပွင့်သွားမည်ဟု မထင်ထားမိကြချေ။

ဝင်လာသော သူက အရပ်ရှည်သည်။ သူ၏ သဏ္ဍာန်က ကိုယ်ဟန်မတ်သည်။ သူက လက်ထဲတွင် စာအုပ်တစ်အုပ်ကို ကိုင်ထားပြီး အဖြူရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားကာ သန့်ရှင်းသပ်ရပ်ဟန် ရသလို ထူးခြားသော လေထုအခြေအနေကိုလည်း ထုတ်လွှတ်နေခြင်း မရှိချေ။ သူ၏ အစိမ်းရောင်မျက်ဝန်းများက ဖန်သားလိုမျိုး တလက်လက် တောက်ပနေသည်။ သို့ရာတွင် သိုဝှက်စွာ ဖုံးကွယ်ထားသော ဖော်ပြရန် ခက်ခဲသည့် ခံစားချက်မျိုးကလည်း ရှိနေသည်။

မျက်နှာကျက်မှ မီးက အလွန်ထိန်လင်းနေပြီး သူ၏ မျက်နှာပေါ် ဖြာကျသွားသည်။ မူလက သူ၏ အမူအရာမဲ့မျက်နှာကြောင့် ပုံပန်းသွင်ပြင်က အနည်းငယ် ထိုင်းမှိုင်းသည်ဟု ခံစားခဲ့ရရာမှ ရုတ်တရက် ဖြောင့်မတ်သွားပြီး တောက်ပလွန်းသွားသလို ထင်ရစေသည်။ မူလဆရာကမူ စည်းကမ်းအလွန်တင်းကြပ်သော သူတို့၏ ပါမောက္ခဟောင်းဖြစ်သည်။

အခုလေးတင် ဝင်လာသော လူနှင့်ယှဉ်သော် တစ်တန်းလုံးရှိ လူတစ်ရာလုံး၏ အကြည့်က သူ့ထံရောက်လာလောက်အောင် သူက ဆွဲဆောင်မှု ပြည့်နေသည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now