နင်မုန့်က အသက်ပြင်းပြင်းရှူပြီး အနားသို့ လျှောက်သွားလိုက်သည်။

လက်ရှိတွင် သူမက မန်နင်၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသောကြောင့် လျန်ဖုန်းမိန်က သူမကို မမှတ်မိနိုင်ကြောင်း သေချာနေသည်။

အနီးကပ်လျှောက်သွားပြီးနောက် ဆိုင်၏ အတွင်းပိုင်းက အသစ်ဖြစ်နေပြီး သန့်ရှင်းသပ်ရပ်နေကြောင်း မြင်လိုက်ရသည်။ ယခင်နှင့်မတူသော မှန်တံခါးတွင် အလှဆင်ထားသော ပစ္စည်းအနည်းငယ်ကိုပါ မြင်ရသည်။

ပြတင်းကလည်း ဖန်ဖြစ်ပြီး လှပစွာ ပြင်ဆင်ထားသော အဆာပြေမုန့်များကိုလည်း မြင်ရသည်။

လျန်ဖုန်းမိန်က မုန့်ထုပ်လေးတစ်ခုကို ပြင်ဆင်နေခြင်းဖြစ်ပြီး ပြတင်းပေါက်တွင် လူတစ်ယောက်ရောက်လာကြောင်းကို မြင်သောအခါ ခေါင်းမော့၍ မေးလိုက်သည်။

"ဘာယူမလဲ"

နင်မုန့်က ထိုအခါမှသာ အသိပြန်ဝင်လာပြီး မုန့်နည်းနည်းကို မှာလိုက်ကာ ပြောသည်။

"အဲ့ဒါပါပဲ၊ ကျွန်မ ဒီမှာပဲ စားသွားလိုက်မယ်၊ အစပ်နည်းနည်း လျှော့ပေးပါ"

"ကောင်းပြီ"

လျန်ဖုန်းမိန်က သူမ၏ အမှာကို လုပ်ပေးသည်။

"မိန်းကလေးအထဲဝင်ပြီးထိုင်ပါ၊ အထဲမှာ စားပွဲတွေနဲ့ ကုလားထိုင်တွေလည်း ရှိတယ်၊ အပြင်မှာ ရပ်နေရတာ ပင်ပန်းပါတယ်"

နင်မုန့်က တံခါးကို တွန်းဖွင့်ပြီး အထဲသို့ ဝင်သွားလိုက်သည်။

ဆိုင်အတွင်းတွင် ထူးထူးခြားခြား ပြောင်းလဲမှုမရှိချေ။ အသစ်ပြန်လည် ပြင်ဆင်ထားသည့်တိုင်အောင် ယခင် ပုံပန်းသွင်ပြင်က ကျန်ရှိနေသေးပြီး အနောက်ဘက်သို့ သွားသော လမ်းကြောင်းကလည်း ပုံမှန်သာလျှင် ဖြစ်သည်။

နံရံပေါ်တွင် ပုံတစ်ပုံကို ချိတ်ဆွဲထားသည်။ ဒါက သူမနှင့် လျန်ဖုန်းမိန် အတူရိုက်ခဲ့သော ပုံဖြစ်ပြီး ယခုမူ ထိုနေရာတွင် ချိတ်ဆွဲထားလေသည်။

ထိုပုံကို ကြည့်ရုံဖြင့်ပင် နင်မုန့်က အရာအားလုံးကို အိပ်မက်လို ခံစားလိုက်ရသည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now