Part 35

118 14 0
                                    

သစ်လွင်သောဆူး

အပိုင်း (၃၅)

#သစ်လွင်သောဆူး

10221101

"ဟူး....ငါ သေတော့မယ်....ဒီတိုင်းပြည်က လူတွေ က လူဟုတ်ရဲ့လား..."

ညို လက်ထဲက စာရွက်တွေကို စားပွဲပေါ် ပစ်ချလိုက်ပြီး လက်ကိုဆန့်ကာ လက်မောင်းပေါ် ပါးတင်ပြီး လှဲအိပ်လိုက်သည်။

ကျောင်းတက်ရမယ်ဆိုတော့ လွယ်အိတ်လွယ် ကျောင်းသွားတက်ရုံပဲပေါ့လေ...။

ဘယ်ဟုတ်လိမ့်မလဲ..။

စာလုံးတွေကို ကြည့်ရင်း မူးနှောက်လာတဲ့အထိ ဖတ်လိုက်ရတဲ့စာတွေ..။

အင်္ဂလိပ်စာကို အောင်မှတ်တောင် မရပဲ တက်လာတာ ဆယ်တန်းကို သီသီလေး အောင်ပြန်တော့ အမှတ်နည်းနည်းနဲ့မှီတဲ့ မေဂျာယူပြီး အဝေးသင်တက်ရင်း လမ်းသလားပဲ နေခဲ့တာ..။

အခုတော့ အင်္ဂလိပ်စာကို ပြောရမှာက တစ်မျိုး.. ၀ါကျ တည်ဆောက်ပုံ က တစ်မျိုး... ကိုယ်တိုင် ရေးရမှာက တစ်မျိုး..စာကို ဖတ်ပြီး ဘာသာပြန်ရမှာ က တစ်မျိုး..။

အင်္ဂလိပ်စာကို အမျိုးပေါင်းများစွာ တစ်ပြိုင်နက်တည်း သင်နေရတာ..။

ကျောင်းမဟုတ်သေးဘူးတဲ့..။

အထက်တန်းအောင်ကြောင်း လက်မှတ်ရဖို့အတွက် ၀င်ဖြေရမဲ့စာမေးပွဲတဲ့..။

ညိုညိုလွင်တို့ ပညာရေး အခြေခံကောင်းလိုက်ပုံများ အထက်တန်းအရည်အချင်း စစ်မဲ့ စာမေးပွဲကို ဖြေဖို့တောင် သေပါတော့မည်။

ဒီစာမေးပွဲပဲပြီးရင် တက္ကသိုလ်ဝင်ခွင့်အတွက် အင်္ဂလိပ်စာ အရည်အချင်း စစ်မဲ့ စာမေးပွဲက ဖြေရဦးမည်။

အဲ့အတွက် သင်တန်းကို ဘော်ဒါဆောင်ပုံစံ နေပြီးကို တက်ရဦးမှာ..။

တက္ကသိုလ် ၀င်ခွင့်က တစ်နှစ်လောက်ကြိုလုပ် ရတာဆိုတော့ ဒီတစ်နှစ်လုံး အခြေခံခိုင်မာအောင် သင်ရဦးမှာတဲ့..။

ဘယ်တုန်းကမှ စာကြိုးစားမယ်လို့ မတွေးထားမိပါဘူး..။

ဖြူ့ကိုတောင် အားမကျပဲ အပင်ပန်းခံတာလို့ နှာခေါင်းရှုံ့ခဲ့သေးတာ..။

သစ်လွင်သောဆူးWhere stories live. Discover now