Part 6 ( U + Z )

28.3K 1.2K 223
                                    

Unicode

~ ဖတ်! ~

"အ့!"

"သစ္စာဆုပန်သန့်!! နင်ရူးနေလားဟယ် ဘာလို့ မင်္ဂလာပွဲကိုဖျက်လိုက်ရတာလဲ!"

"ငါမှ သူ့ကိုမယူချင်တာ ငါလဲမိန်းမ သူလဲမိန်းမ ဘယ်လိုစိတ်နဲ့ယူရမှာလဲ ငါမယူနိုင်ပါဘူး"

"ဟဲ့! အဲ့ဒါနဲ့ပဲ လူတွေကြားထဲပြောစရာလား လက်မခံနိုင်ဘူးဆိုလဲ သူနဲ့နှစ်ယောက်ထဲအေးဆေးတွေ့ပြီးပြောပါလား နင်အခုလုပ်တာကြီးက သူ့ကိုအရှက်ခွဲသလိုဖြစ်သွားတာပေါ့"

မြတ်နိုးပြောသည့်စကားကြောင့် ဆု ပြန်စဉ်းစားမိသည်။ ထိုနေ့က ဆု အတော်လေးလွန်သွားခဲ့သည်။ ပြောပြီးမှ စိတ်မကောင်းဖြစ်မိသည်။

ထိုနေ့မှစ၍ ဒေါ်တင်မမမောင် သည် ဆု အိမ်သို့ရောက်မလာတော့ပေ။ တစ်လတောင်ကြာသွားခဲ့လေသည် ။ ထိုတစ်လအတွင်းမှာ ဒေါ်သစ္စာသည်လည်း တင်မမမောင် အကြောင်းမပြောတော့ပေ။

ဦးမင်းသန့်သည်လည်း ထို့နည်းတူစွာပင်။ ယနေ့တွင်တော့ ကျောင်းပိတ်ရက်ဖြစ်သောကြောင့် သူငယ်ချင်းဖြစ်သူနှစ်ယောက်နှင့်အတူ မာလာရှမ်းကော လုပ်စားရန် supermarket သို့သွားရန် ပြင်ဆင်နေလေသည်။

မြတ်နိုးသည် ဆု ကုတင်ပေါ်တွင် အိပ်နေပြီး နန္ဒာ ကတော့ လက်တော့ဖွင့်ကာ ဖဲထိုင်ရိုက်နေလေသည်။ အပြင်သွားရန် အဝတ်အစားထုတ်နေရာ ဆု ခေါင်းထဲထပ်မံဝင်လာသည်က ထိုနေ့က အဖြစ်အပျက်ပင်။

တင်မမမောင် ၏ ပျက်ယွင်းသွားသောမျက်နှာကြောင့် ဆု အားနာမိသည်။ မပြောလို့လည်းမဖြစ် မိန်းကလေးချင်း လက်ထပ်ရမည်ကို ဆု ဘယ်လိုမှသဘောမတွေ့ပေ။

သုံးဦးသား အောက်ထပ်သို့ဆင်းလာရာ ဧည့်ခန်းမကြီးတွင် ဒေါ်သစ္စာသည် ဆယ်တန်းကလေး ၃ ဦးအားစာသင်နေလေသည်။ ဆု ကိုမြင်သည်နှင့် ဒေါ်သစ္စာ မျက်စောင်းလှမ်းထိုးလေသည်။

မင်္ဂလာပွဲကိစ္စပျက်သွားသည့်နေ့မှစကာ ဒေါ်သစ္စာ ဆု ကို အရင်လို စကားသိပ်မပြောတော့ပေ။ မိဘကလက်နဲ့ရေးတာကို ခြေနဲ့ဖျက်တဲ့ သမီးမိုက် ဟုသာအပြစ်တင်လေသည်။

Mommy Wife (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ