သူမက ဒေါသကို ထိန်းထားရသဖြင့် ပေါက်ကွဲသော ငါးတစ်ကောင်အဖြစ်ပင် ပြောင်းလဲသွားတော့မည်ဟု ခံစားရပေသည်။

သူမက ကုနန်ချန်ကို ဒေါသထွက်သည်နှင့် ခေါင်းက နာလာပြန်သည်။ မန်နင်၏ နောင်တများအားလုံး ပျောက်ကွယ်သွားမည့်အချိန်အထိ စောင့်ရမည့်ပုံရသည်။

နင်မုန့်က ရုတ်တရက် ထိုသူ၏ ယခင်စကားကို သတိရလိုက်သည်။

သူမကို တစ်ခုခုလုပ်မယ်ဟုတ်လား။

အစပိုင်းတွင် ဌာနမှ လူတိုင်း၏ စွန့်ပစ်ခံရသော မန်နင်နှင့် ဒီကိစ္စက တစ်ခုခုဆက်စပ်နေလောက်ကြောင်း သိလိုက်သည်။

ဒီနေ့ခေတ် လူမှုအသိုင်းအဝိုင်းတွင် လိင်တူချစ်ကြိုက်ခြင်းက ထူးခြားသောကိစ္စ မဟုတ်ချေ။ လိင်တူချစ်ကြိုက်ခြင်းကို ရွံမုန်းသော သူများ ရှိနေသည့်တိုင်အောင် လူအနည်းစုသာလျှင် ရှိနေခြင်း ဖြစ်သည်။ ထို့ပြင် ယခုကဲ့သို့ ကျောင်းတွင်းအနေအထားမျိုးတွင် ထည့်ပြောရန်ပင် မလိုအပ်ချေ။

စီတက္ကသိုလ်က မြို့တွင် တည်ထောင်ထားခြင်းဖြစ်ပြီး လူနေမှုအသိုင်းအဝိုင်းကလည်း အဆင့်အတန်း မြင့်မားသည်။ ပို၍ ဆိုးသည်မှာ တစ်တိုင်းပြည်လုံးရှိ ပညာရေးအမှတ်အကောင်းဆုံး ကျောင်းသူကျောင်းသားများကသာ ရှိနေခြင်း ဖြစ်လေရာ လူတိုင်းကလည်း ဉာဏ်ရည်မြင့်မားကြသည်။

လိင်တူချစ်ကြိုက်သည်ကို နားမလည်ပေးနိုင်သည့် ကျောင်းသူ ကျောင်းသားများ ရှိနိုင်သည့်တိုင်အောင် လူအနည်းစုသာ ဖြစ်သင့်ပေသည်။

မန်နင်က မည်သူ့ကိုမှ တစ်ခုခုလုပ်ရန် တွန်းအားမပေးခဲ့သော လိင်တူချစ်ကြိုက်သူ တစ်ယောက်လည်း ဖြစ်သည်။ သို့သော် သူမက ဌာနတစ်ခုလုံး၏ စွန့်ပစ်ခံခဲ့ရသည်။ သံသယဝင်ရန် မလိုလောက်အောင် အညှီနံ့ရသော ပြဇာတ်တစ်ခုရှိနေလောက်သည်။

နင်မုန့်ကလည်း မန်နင်၏ မှတ်ဉာဏ်များမှတဆင့် မန်နင်က လူကောင်းတစ်ယောက် ဖြစ်ကြောင်း မှတ်မိနေသေးသည်။ သူမက အနည်းငယ် သီးသန့်ဆန်စွာ နေတတ်သော်လည်း အခြားသူများကို ကူညီချင်စိတ်ရှိပြီး အချိန်ပိုင်းအလုပ်တွင်လည်း ကောင်းကောင်းကြိုးစားကာ လုပ်သည့် မိတ်ဆွေအနည်းငယ်သာလျှင် ရှိသည့် ကျောင်းသူကောင်းတစ်ယောက်ဖြစ်သည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now