ဥက္ကဌရှင်မ်သည် ​ပြောစရာစကားများ​တောင်မရှိ​တော့...။

"အင်း....သူလက်ခံလိုက်တယ်"

​ကောင်​လေးသည် ဟက် ခနဲတစ်ချက်ရယ်ကာ...။

"ကျွန်​တော် အဲ့လူကို​တွေ့ချင်တယ် ဒယ်ဒီ။ ရတယ်မဟုတ်လား"

​လှောင်ပြုံးတစ်ခု ချိတ်ဆွဲကာ အဓိပ္ပါယ်​ဖော်မရသည့် စကားလုံး​တွေ။ သူ၏သား ဘာ​ခြေလှမ်း​တွေလှမ့်​တော့မည် ဆိုတာ ရိပ်မိလိုက်ပါသည်။

"ရတယ်။ ဒယ်ဒီချိန်း​ပေးမယ်သား။ ဘယ်​နေ့​တွေ့မာလဲ"

​ကောင်​လေး ပြန်​ဖြေသည်ကို ဥက္ကဌရှင်မ် မျက်ခုံးလှုပ်မိသွားသည်။ ပြန်​ဖြေလိုက်သည်မှာ......

"ဒီည​နေ ၄ နာရီ"

ဟုဆိုကာ သီချင်းညည်းရင်ထွက်သွား​သော သားဖြစ်သူကိုကြည့်ကာ ရှင်မ်ထယ်ဟျွန်း သက်ပြင်း​မောချမိသည်။

"ဟူး......"

မတတ်နိုင်။ ထို ယွန်းအာ ဆိုသည့်မိန်းက​လေးထံမှ သူ၏သား​လေးကို ဆွဲခွာရင် ဘာမဆိုသူလုပ်ပါမည်။ ထို ဂျုံ​ဆောင်းဆိုသည့် ​ကောင်​လေးကို အားနာမိ​ပေမဲ့​ပေါ့....။

▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

" ငါ​ပြောတာ ကြားတယ်မလား"

ထိုအသံသည် P.S Blue ကမ္ပဏီ၏ ရုံးခန်းတစ်ခန်းမှ ထွက်​ပေါ်လာခဲ့သည်။

"ဒါ​ပေမဲ့ အ​ဖေ......"

စကား​တောင်မဆုံးလိုက်။ ပါး​ပေါ်သို့ ကျ​ရောက်လာ​သော လက်သီးပြင်းပြင်းတစ်ချက်။

"ငါ​ပြောတာဆိုလုပ်လိုက်...နား​ထောင်လိုက်။ခွန်းတုံ့ပြန်စရာ ဘာ​​စောက်​ကြောင်းမှ မရှိဘူး ပတ်ခ်​ဂျေး"

​ဂျေး အံကိုတင်းတင်းကြိတ်ထားမိသည်။ ထို့​နောက်အ​ဖေဆိုသူသည်.....

"ဟုတ်သားဘဲ။ မင်းကအမှန်ဆို ပတ်​ဂျေး​လေ။ လူ​တွေမင်းကို ပတ်ခ်ဂျုံ​ဆောင်းလို့သိထားတာကို မင်းအမှန်တိုင်း သိ​စေချင်ရင်ငြင်းလိုက်။ ဟား...ဟား...."

𝑇ℎ𝑒 𝑑𝑜𝑜𝑟 𝑜𝑓 ℎ𝑖𝑠 ℎ𝑒𝑎𝑟𝑡Donde viven las historias. Descúbrelo ahora