စွဲလမ်းသော အချစ် (အပိုင်း ၁၃)

Start from the beginning
                                    

"အဟက်"
ဝမ်ရိပေါ် တခါမှမမြင်ဖူးတဲ့ အပြုံးနဲ့ ရီချလိုက်တဲ့ ရှောင်းကျန့်ကိုကြည့်ပြီး တည်ငြိမ်စပြုနေတဲ့ ရင်တွေက တဒုတ်ဒုတ်နဲ့ပြန်ခုန်လာတယ်။
ဒီအပြုံးတွေ..တခုခုကို ဆုံးဖြတ်ချက် ချလိုက်နိုင်တဲ့အပြုံး။ ဝမ်ရိပေါ် ၊ရှောင်းကျန့်ကိုယ်လုံးလေးကို ကျစ်နေအောင် ဆွဲဖက်ထားလိုက်သည်။

"တောင်းပန်ပါတယ်..ကိုယ်အနူးအညွတ်တောင်းပန်ပါတယ်...ကလေးရယ်..ကိုယ်မင်းကို နာကျင်အောင် လုပ်ခဲ့မိလို့ တောင်းပါ ပါတယ်.
ကြမ်းတမ်းစွာဆက်ဆံမိလို့လဲ တောင်းပန်ပါတယ်..ရှောင်းကလေးရယ်..မင်းကြိုက်တဲ့အပြစ်ပေးပါ..တသက်လုံး မင်းကျေနပ်တဲ့အထိ တောင်းပန်ပါ ပါ့မယ်ကွာ..ကိုယ်ချစ်လွန်းလို့ အပိုင်သိမ်းမိတာပါ "

Wang Yibo ဘက်ကတောင်းပန်တယ်ဆိုတာ...ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ထင်ရာစိုင်းပြီး လုပ်ချင်တာ လုပ်တဲ့လူစားမျိုးက အခု ကိုယ်လုံးသေးသေးလေးကို ရင်ခွင်ထဲ ထည့်ဖက်လို့ တောင်းပန်စကားဆိုနေရပြီး။

ရှောင်းကျန့် ကိုယ့်နားကိုယ်ပင် မယုံနိုင်။.
ဝမ်သခင်လေးက သူ(Xiao Zhan) ကို ဖျက်စီးမိတာ..အချစ်​ကြောင့်ပါတဲ့။ ဘယ်လို့ယုံရမလဲ။..
ဝမ်သခင်လေး ကအားနာစိတ်ကြောင့် ချစ်တယ်လို့ပြောတာထင်တယ်.။ ဒီလို့ဆိုရင် တော့ မလိုချင်တော့ပါ၊၊အတုယောင်တွေဆို။

"ကျွန်တော် ကို အားနာပြီး ချစ်တယ်လို့ပြောစရာမလိုပါဘူး...ဝမ်သခင်လေး"

ရှောင်းကျန့် ကိုယ်လုံးကို ရင်ခွင်ထဲက ပြန်ထုတ်ကာ အထင်လွဲနေတဲ့သူလေးကို ဝမ်ရိပေါ်အကြည့်ချင်ဆုံစေလိုက်သည်။ ကိုယ်ရှင်းပြချင်တယ်..ကလေးရယ်။

"ကိုယ် တကယ် ချစ်မိသွားလို့ပါကွာ
ဘာလို့မယုံတာလဲ...ဟမ်..မင်းထင်နေသလိုမဟုတ်ဘူး.လို့..ကိုယ်..အရင်က ဝေခွဲရခက်တယ်ဆိုတာ ဝန်ခံပါတယ်..ဒါပေမယ့် ကိုယ်မင်းကို တကယ်ချစ်တာပါ.."

"အဟက်...ဝမ်သခင်လေးက ကျွန်တော်ကို ချစ်လွန်းလို့ ဖျက်စီးလိုက်တာပေါ့ အဟား..အကြောင်းပြချက်က မိုက်သားပဲနော်...
ကျွန်တော် ပြောပြီးပြီးလေ..အားနာပြီးအချစ်လို့ခေါင်းစဥ်မတပ်ဖို့"

Obsessive Love Where stories live. Discover now