မိတ်ဆက်🍥

55 5 0
                                    

みなさん
အားလုံးကို

はじめまして
ပထမဦးဆုံးတွေ့ရတာ ဝမ်းသာပါတယ်။

わたしの なまえは リアム です。
ကျွန်တော်ရဲ့ နာမည်ကတော့ liam(လျံ) ဖြစ်ပါတယ်

N3の level を べんきょうして います。
N3 level ကို လေ့လာနေပါတယ်

にほんごで かくのは はじめて なので
ဂျပန်စာနဲ့ ပထမဆုံးရေးတာဖြစ်လို့
なにか エラー(error)が みつけるかもしれませんが
တစ်ခုခု အမှားများ တွေ့ကောင်းတွေ့နိုင်ပါလိမ့်မယ်
よろしくおねがい いたします。
ကူညီဖေးမပေးဖို့ တောင်းဆိုချင်ပါတယ်။

ဒီအတွက် ခေါင်းစဉ်က မိတ်ဆက်ဆိုပေမဲ့

လျံမိတ်ဆက်ထားတဲ့ စာကြောင်းထဲက
Boldတင်ထားတဲ့ စာကြောင်းရဲ့သတိထားစရာ အကြောင်းတွေကို ရှင်းပြချင်တာပါ

1) みなさん= ပရိတ်သတ်အပေါင်းတို့/ အားလုံးတို့

သူ့ကို
みんなさんနဲ့ မှားကြပါတယ်
みんなさんဆိုတာ လုံးဝမရှိပါဘူးဗျာ‼️

အကယ်၍ みんなさんမှ さんကို ဖြုတ်ရင်တော့
みんな (အားလုံး) ဆိုပြီး အဓိပ္ပာယ်ရပါတယ်

みんな = ပုံမှန်အသုံး
みなさん= ယဉ်ကျေးတဲ့အသုံး

ပိုပြီး ယဉ်ကျေးချင်ရင်တော့
ပုံမှန်အသုံးဖြစ်တဲ့ みんなကို さまကပ်လိုက်ပါ

みんなさまလို့ သုံးပေးရပါတယ်

‼️လျံ မှတ်စေချင်တာက...
みなဆို さんပါတယ်
みんなဆိုရင်တော့ さんမပါဘူးဆိုတာပါပဲ‼️

သတိထားပေးပါဗျာ

2) はじめまして= ပထမဆုံးတွေ့တာ ဝမ်းသာပါတယ်

はじめましてကို လျံက Hiraganaနဲ့ ရေးထားပေမဲ့

Kanji နဲ့ ရေးလိုက်ရင်

နှစ်မျိုး ထွက်လာလိမ့်မယ်
ဘာလို့ဆိုတော့ အသံထွက်တူကြလို့ပါ

• 初めまして (はじめまして)
• 始めまして (はじめまして)

နှုတ်ဆက်တာကို ဘယ်ဟာနဲ့ သုံးကြမလဲ

ဒါထက်
ဒီနှစ်ခုရဲ့ အဓိပ္ပာယ်ကို အရင်သိဖို့ လိုဦးမယ်

• 初 ဒါလေးက ပထမဦးဆုံးအကြိမ်
ကို ကိုယ်စားပြုတယ်

• 始 ဒါကြတော့ တစ်ခုခုရဲ့အစ
ကို ကိုယ်စားပြုတယ်

အဓိပ္ပာယ် ဆင်တယ်မလား

စိတ်မပူပါနဲ့
လျံ ထပ်ရှင်းပြပါဦးမယ်

အမှန်တော့ ဒီစာနှစ်ကြောင်းလုံးက

ပထမဦးဆုံး စတွေ့တဲ့အချိန်
အခုမှ စတွေ့ဖူးတဲ့အချိန်
အရင်ကလုံးဝမတွေ့ဖူးဘူး

အဲလိုအချိန်မှာ
မိတ်ဆက်စကားပြောဖို့ သုံးပါတယ်

ဘယ်ဟာသုံးသုံး
သူတို့က ယဉ်ကျေးတဲ့စာလုံးပါပဲ

ပိုပြီး ယဉ်ကျေးတာက 初めましてဖြစ်ပြီးတော့ ( အလုပ်တို့ စီးပွားရေးတို့ သုံးကြတယ်)

ဖော်‌ရွေတာ ပုံမှန်ပြောတာဆိုရင် 始めまして
သုံးကြတယ် (သူ့ကို အင်တာဖျူးတို့ ဆိုရှယ်မီဒီယာတို့မှာ သုံးတယ်)လို့ လျံ ဖတ်ဖူးတယ်

ပိုပြီး Safe ဖြစ်ချင်ရင်တော့ Kanji နဲ့ မရေးတာအကောင်းဆုံးပါပဲ😆

စတာပါဗျာ 初めましてကို သုံးပေးပါ😁

‼️လျံ မှတ်‌စေချင်တာက
はじめましてဆိုတာ はじめますရဲ့てけい(te form)လုံးဝမဟုတ်ပါဘူး

သူက ကြိယာဝိ‌သေသနာပါ
はじめて(ပထမဆုံး) ဆိုတဲ့ ကြိယာဝိသေသနာရဲ့
ယဉ်ကျေးတဲ့အသုံးပါ။‼️🐱

မိတ်ဆက်‌ဖြစ်တဲ့အတွက် ဒီနေ့တော့
ဒီလောက်ပါပဲဗျာ...။

မြန်မာလို                   ဂျပန်လို

နာမ်(N)                           名詞(meishi)
နာမဝိသေသနာ(Adj)      形容詞 (keiyōshi)

ကြိယာ(V)                      動詞 (dōshi)
ကြိယာဝိသေသနာ(Adv) 副詞 (fukushi)
သဒ္ဒါ( Grammar)             文法(bunpō)

読んでくれて  本当に  ありがとう<(⁠✯⁠ᴗ⁠✯⁠)!!!


ほしを おして🤭✨
[ ကြယ်လေး ]

#リアン日本語




Japanese Words Where stories live. Discover now