တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

Start from the beginning
                                    

ကျောက်ကျင်းကောက ရုတ်တရက်ပင် နည်းလမ်းတစ်ခု ပေါ်လာခဲ့သည်။

သို့သော်လည်း သူစကားပြော၍ မပြီးခင်မှာပင် သူ့နှုတ်ခမ်းကို တစ်စုံတစ်ခုက ပိတ်ဆို့လာခဲ့သည်။ သို့သော်လည်း ဤတစ်ကြိမ်တော့ လက်တစ်ဖက်မဟုတ်ဘဲ ကျန်းကျန့်၏ နှုတ်ခမ်း ဖြစ်နေခဲ့သည်။

ကျောက်ကျင်းကောက ကြက်သေသေသွားလေသည်။ သူ့တစ်ကိုယ်လုံးက အနည်းငယ် တုန်ယင်နေပြီး ထို့နောက် တုန်ယင်နေမှုက ပိုပိုပြင်းထန်လာခဲ့သည်။

ကျန်းကျန့်က သူ့ကို မထင်မှတ်ဘဲ နမ်းလိုက်တယ်... ကျန်းကျန့်က ဘယ်လ်ုလုပ်ပြီး သူ့ကို နမ်းရတာလဲ...

ဒီလိုအရာမျိုးက လက်ထပ်ပြီးမှပဲ လုပ်ရတာလေ... လက်ထပ်ပြီးရင်တောင် နမ်းစရာ မလိုဘူးလို့...

"မင်းအဆင်ပြေရဲ့လား"

ကျန်းကျန့်က စိုးရိမ်စိတ်တို့ဖြင့် ကျောက်ကျင်းကောကို ပုတ်လိုက်သည်။ သူ အခုလေးတင် ပေးလိုက်သည့်အနမ်းက ဖြူစင်သည်ဟု သတ်မှတ်၍ ရပေသည်။ သူက လျှာကိုပင် မထည့်လိုက်ဘဲ သူတို့၏ နှုတ်ခမ်းများက ထိရုံလေးသာ ဖြစ်သည်။ ရလဒ်အနေဖြင့် ကျောက်ကျင်းကောက တောင့်တင်းသွားပြီး လျှာသုံးရန်ကိုပင် မစဥ်းစားမိဘဲနှင့် ထိုသူက ဤမျှလောက်ထိ တုန်လှုပ်နေလေပြီ။

ခပ်ဖွဖွ အနမ်းလေးနဲ့တောင် ဒီလောက် ဖြစ်နေရင် မင်္ဂလာခန်းဝင်တဲ့အချိန် ကျောက်ကျင်းကောလေး မေ့လဲမသွားလောက်ပါဘူးနော်...

ထိုအချိန်မှာပင် ကျောက်ကျင်းကောက အသိပြန်ဝင်လာပြီး တုန်ယင်နေသော စိတ်အစုံကိုပင် ပြန်ထိန်းလိုက်သည်။ သူက ထိုသို့သော ကိစ္စမျိုးကို ထိတ်လန့်တတ်သည်။ သူကြီးပြင်းလာပြီးနောက် မည်သူနှင့်မှ ရင်းနှီးမှု မရှိခဲ့ပေ။ အရေးကြီးတာက ကျန်းကျန့်ကရော ထွက်သွားမှာတဲ့လား...

"ကျင်းကော... ကိုယ်ထွက်သွားမှာ မဟုတ်ဘူး... အချိန်တစ်ခုလောက်တော့ ကိုယ်တို့အတူရှိနေတာ သူများတွေ သိလို့ မဖြစ်ဘူး... "

ကျန်းကျန့်က ကျောက်ကျင်းကော၏ ပုခုံးလေးကို ပုတ်လိုက်သည်။ ရှေးခတ်တွင် သူစိမ်းကြောက်တတ်သည့်စိတ်က အလွန် ပြင်းထန်ကြသည်။ အခြားနေရာသို့ ပြောင်းရွှေ့သွားခြင်းက သူတို့၏ အခြေအနေများကို ပို၍ပင်ဆိုးသွားစေနိုင်သည်။ ထပ်ပြီးတော့ ကျောက်ကိင်းကော၏ မိဘများမှာလည်း ဤနေရာတွင် တစ်ဘဝလုံး နေထိုင်ခဲ့လေရာ သေချာပေါက်ပင် ပြောင်းရွှေ့လိုစိတ် ရှိမည် မဟုတ်ပေ။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now