" ဟုတ်ပီ.. ဒယ်ဒီ့ဘက်က ဇွတ်လုပ်မှတော့ ကျွန်တော်လဲ ပြောစရာရှိတာပြောရတော့မယ်"

" မင်း ငါ့ကို မျက်နှာပျက်အောင်လုပ်ဖို့တော့ မစဉ်းစားနဲ့."

ကျွန်တော် ကိုကို့ကို သိပ်ချစ်တယ် ၊ အခု Daddy စီစဉ်ပေးတဲ့ စေ့စပ်ပွဲကို ကျွန်တော်လိုက်ရောပေးမယ် ၊ ဒါပေမဲ့.. စေ့စပ်ပွဲနေ့ Dinner မတိုင်ခင်မှာ ကျွန်တော် မေးတာတွေကို Daddy အကုန်ဖြေပေးရမယ် ၊ ကတ်ိမတည်ရင် ဒီစေ့စပ်ပွဲ ကျွန်တော်လက်နဲ့ ဖျက်စီးပစ်မယ် "

ဘာ...တောက် ! ဆောက်ရေးမပါတာ ။

ဒယ်ဒီ့ကို တစ်ချက်‌လေးမှ ပြန်ငဲ့မကြည့်ပဲ အိမ်ပေါ်သို့တက်သွားလေသည်။

ဒယ်ဒီ့ ရင်ထဲမှာ ဖြစ်ပေါ်နေတဲ့ အစိုင်အခဲတွေ အတ္တတွေ မာန်မာနတွေကို အဲ့နေ့မှာ ကျွန်တော်ကိုယ်တိုင် ရိုက်ချိုးပြမယ် ၊ စောင့်ကြည့် !

မျက်စံအိမ် ညာဘက်စွန်းစွန်းဟာ ပိုလို့ကျယ်လာပီး မျက်ခုံးကိုပင့်ကာ တွန့်ချိုးသည်။

ပိုလို့ပင်ကြောက်စရာကောင်းပီး အတွေးခေါင်ခိုက်နေချိန် ဘေဘီလေးကို သတိရမိပြန်သည်။

နှလုံးသား စေရာကို မောင် လိုက်ခဲ့ပါ့မယ်။

အချစ်..မောင်လွမ်းတယ် ။

အချစ်ရဲ့ နှုတ်ခမ်းပါးလေး ၊ ပါးချိုင့်လေး ၊ မှဲ့လေးတွေက မောင် ရှင်သန်ရာ ငြိတွယ်ရာ !

"ဒေါက် ဒေါက် ဒေါက် "

" ဘယ်သူပါလဲ "

တံခါးဆွဲဖွင့်လိုက်တော့ မထင်မှတ်ထားသူ
ကြောင့်အံ့ဩမင်သက်သွားရပြန်သည်။

"Daddy.."

" Daddy စကားခဏပြောချင်လို့ဝင်ခွင့်ပေးမလား "

" ရပါတယ်..Daddyရဲ့ "

Kanemoto San ဝင်လာတော့ ကွပ်ပြစ်ကယုန်လေးကိုတွေ့ပီး တစ်ချက်ပြုံးလိုက်လေသည်။

" သား... ယုန်လေးမွေးထားတာလား "

" ဟုတ်.. ချစ်စရာကောင်းတယ်မလား "

" အင်း..သားလိုပဲလေ "

ယိုရှီ က သဘောကျဟန်ရှိသည်။

"ရော့...."

ယိုရှီက ဘာလဲဆိုသည့်အကြည့်နဲ့ လှမ်းယူလိုက်လျှင်

DADDY BROTHER (Complete)Where stories live. Discover now