စွဲလမ်းသောအချစ် (အပိုင်း၁၀)

Start from the beginning
                                    

"Hello... "
တဖက်ကအသံကြားမှ ဝမ်ရိပေါ် အလောတကြီးစကားတွေ တရက်ဆက်ပြောတော့တယ်။

"ကော...ကျွန်တော်ကို ကယ်ပါအုံး...ဟင့်"

"ဟမ်..ရိပေါ်...ဘာဖြစ်လို့လဲ ...ကောကိုပြော"
ရိပေါ်ရဲ့ရှိုက်သံကြောင့် အိပ်ချင်မူးတူးဖြစ်နေတဲ့ ဟိုက်ခွမ်းရဲ့မျက်လုံးတွေပြူးကျယ်ကုန်တယ်။

"သူ..သူ..သူလေ.."
ရင်ထဲက တင်းကျပ်မှုကြောင့် ဝမ်ရိပေါ်တယောက်စကားတောင်ကောင်းကောင်းမပြောနိုင်ရှာ။
စိတ်လှုပ်ရှားပြီးစကားတွေထစ်နေတဲ့ ညီဖြစ်သူကို..

"ရိပေါ်..စိတ်အေးအေးထား၊ဘယ်သူဘာဖြစ်လို့လဲ
ကောကိုပြော"

"ရှောင်းကျန့်"

"ဟမ်.." နားမလည်လို့ ဟိုက်ခွမ်းကြောင်အနေစဥ်။

"ရှောင်းကျန့်..သူ..ကျွန်တော်ကြောင့် သတိလစ်သွားလို့ ကော..မြန်မြန်လာပါ"

"ဘာ!!!" အိပ်ချင်စိတ်တွေလုံးဝပျောက်သွားပြီး။
ကျစ်၊ဒီကောင်လေးက မိထွေးဖြစ်သူရဲ့သားကို
ကြည့်မရဘူးဆိုပေမယ့် ဒီလောက်ထိ နှိပ်စက်နေ
လိမ့်မယ်လို့ ထင်မထားဘူး။

"မင်း သူကိုဘာတွေလုပ်လိုက်တာလဲ... ဝမ်ရိပေါ်!"
ဘယ်လောက်ပဲ ညီဖြစ်နေပါစေ၊ တဖက်သားထိခိုက်အောင်လုပ်လို့ ဟိုက်ခွမ်းစိတ်ဆိုးမိပါရဲ့။

"မြန်မြန်လာပါ..ကောရာ..ကျွန်တော်နောက်မှရှင်းပြပါ့မယ်..."

အကိုဖြစ်သူကိုအကြိုအကြောင်းပြောပြီး မြန်မြန်ဖုန်းချလိုက်တယ်။ ပြီးမှ ကုတင်ပေါ်က ရှောင်းကျန့်ကိုပွေ့ချီကာ ရေချိုးခန်းထဲ ခေါ်သွားပြီး သန့်ရှင်းရေးလုပ်ပေးနေမိတယ်။ သူ့လက်ချက်ကြောင့်
ပေါက်ပြဲနေသောနှုတ်ခမ်းလေးက သွေးစို့ရာလေးထင်းလို့။ လည်တိုင်သွယ်သွယ်လေး​မှာလဲ.. အမှတ်အသားတွေက ခရမ်းပုတ်ရောင်တောင်ပြောင်းလုနီးပါး။

"ဟင်း" ဝမ်ရိပေါ်သက်ပြင်းတချက်ချပြီး ထိုအရာလေးတွေကို လက်ညှိုးလေးနဲ့လိုက်ထိနေမိတယ်။
သူတော်တော်ကြမ်းမိတာပဲ။

ဒီထပ်ကြာရင် နေမကောင်းထပ်ဖြစ်မှာစေလို့ ရေချိူးခန်းထဲက ပြန်ထွတ်လာပြီး အဝတ်ထုထုကြီးတွေဝတ်ပေးကာ ရှောင်းကျန့်ကို ဆိုဖာပေါ်ခဏတင်ပေးလိုက်တယ်၊ ဝမ်ရိပေါ် ကတော့ မြင်မကောင်းလောက်အောင် သွေးစတွေနဲ့သူ့အရည်တွေ ရောယှက်ကာ ပေပွနေတဲ့ အိပ်ယာခင်းတွေကို အသစ်လဲလိုက်တယ်။ အားလုံးပြီးမှ ရှောင်းကျန့်ကို အိပ်ယာပေါ်
ပြန်တင်ကာ...စောင်ခြုံပေးပြီးသူကတော့ အောက်ထပ်ကိုပြေးဆင်းသွားသည်။

Obsessive Love Where stories live. Discover now