အပိုင်း(၁၁)

Start from the beginning
                                    

အတွေးပေါက်ကာ ဝမ်းသာအားရဖြင့် ပြင်သစ်ဘောပင်ကိုကောက်ကိုင်ကာ စာရွက်ဖြူပေါ် နေရာယူလျက် "သို့ ချစ်ရပါသော"ဖြင့် အစပြု၍ ပထမဆုံးရေးသည့် ရည်းစားစာအား စိတ်ကူးဖြင့်ပုံဖော်ကာ  နှလုံးသားဖြင့်ခံစားရင်း ကြည်ကြည်နူးနူးရေးနေမိသည်မှာ အမှန်။ပြီးဆုံးသွားသော ရည်းစားစာကို မြောက်ကိုင်ကြည့်ရင်း အားရပါးရပြုံးနေမိ၏။ စာအိတ်ထဲသို့ စာရွက်အား သေချာခေါက်ထည့်ရင်း  မွေးရနံ့ပါအောင် ရေမွေးကိုသုံးမည့်အစား ခူးထားသည့် စံပယ်ပန်းတစ်ပွင့်နှစ်ပွင့်ကို စာအိတ်ထဲထည့်လိုက်၏။စာအိတ်လေးကို တစ်ချက်အနမ်းပေးရင်း အူမြူးစွာ အပြုံးတို့က ဖုံးဖိလို့မရ။စာအိတ်အား အန်ကယ့်ဆီမှ ငှားရမ်းလာတဲ့စာအုပ်ကြားတွင် ညှပ်ရင်း ရေချိုးရန်ပြင်လိုက်၏။

မှန်ရှေ့တွင် ကြည့်ကောင်းနိုင်မည့်အနေအထားဖြစ်အောင် ဆံပင်ကိုသပ်နေမိသည်မှာ အခါခါ။ဒါကိုမြင်သည့် အမေက မနေနိုင်စွာ မေးတော့သည်။

"အဲ့ဒါဘယ်သွားဦးမလို့လဲ"

"ဗျာ မောင် ဟိုဘက်ရပ်ကွက်ဘက် ခဏသွားမလို့"

"မောင် မင်းဒီတလော လမ်းတွေတအားများနေတယ်နော် ဟိုဘက်ရပ်ကွက်ကိုလည်း ခြေချင်းပေါက်အောင်သွားတယ် ဟိုတစ်နေ့ကလည်း ဒေါ်တင်မေကြီး  မြေးက အမေ့ကိုပြောသွားသေးတယ် ကိုကြီးက ဂစ်တာကြီးနဲ့ သူများအိမ်ရှေ့သွားတီးနေတယ်တဲ့  ဟုတ်သလား"

"ဟာ....မဟုတ်ပါဘူး ဒီကလေးကတော့ အဲ့ကလေးလျှောက်ပြောနေတာ မောင့်ဘာသာ ပျင်းလို့ ဟိုဘက်ရပ်ကွက်က လဖ္ဘာရည်ဆိုင်ဆီ ခဏ သွားထိုင်မလို့ပါ"

"အေးပါ ပြီးတာပဲ တွေ့နေရင်လည်းပြော မိဘကို လျှိုမထားနဲ့ အဆင်ပြေတဲ့မိန်းကလေးဆိို အမေတို့ဘက်က စီစဥ်သင့်တာစီစဥ် လမ်းကြောင်းသင့်တာ လမ်းကြောင်းပေးမယ် ကြားလား အမေပြောတာ"

"အာ...အမေကလည်း မောင်ကဘာကိုတွေ့ရမှာလဲ  မောင့်ကို ချစ်ပေးမဲ့ ဒေါ်ရီရီမြင့်ရှိနေတာပဲကို ကျန်တာဘာလိုသေးလို့လဲ"

"အမလေး မောင်မင်းကြီးသား ကျွန်မကိုလာချွဲမနေနဲ့  သွားစရာရှိတာသာသွားတော့ မိုးမချုပ်စေနဲ့ စောစောပြန်လာ ကြားလား"

ကြယ်တစ်စင်းရဲ့ လရောင်အိမ်မက် (Completed)Where stories live. Discover now