"သြော်...သူများခင်ပွန်းလောင်းကို ခိုးကြောင်ခိုးဝှက်နဲ့လုယူချင်တာကတော့ သူတော်ကောင်းလုပ်ရပ်များလား..."အီရှက အန်ဒီးယားကို စိုက်ကြည့်ကာမေးလိုက်သည်၊
အီရှရဲ့စကားက ချဲလ်ကိုသာမက အန်ဒီးယားကိုပါထိပါးစေသည်၊ဘာကြောင့်လဲဆိုတော့ အန်ဒီးယားကလည်း ဂျော့ဖရေးကို သူ့လူအဖြစ်လိုချင်ခဲ့သည်မလား၊
"မင်းစကားတွေ မကျွံနဲ့ အီရှ!"
"နွန်းကို သခင်​လေးနွန်းရိုလ်မို့လို့ ခေါ်စမ်း...မင်းလို နိမ့်ပါးတဲ့မျိုးရိုးကလာတဲ့သူက နွန်းကိုနာမည်ခေါ်ခွင့်ရှိတယ်ထင်နေလား" အီရှရဲ့အသံရ မောက်မာနေပြီး အန်ဒီးယားကို အမျက်ဒေါသဖြစ်စေသည်၊ဒါပေမယ့် အခြားသူတွေက ဒီမောက်မာတဲ့သူကို ဘာမပြောတာ အံ့အောနေမိသည်၊
"သခင်လေးနွန်းရိုလ်မို့ကို သူနဲ့အဆင့်အတန်းချင်းတူမယ်ထင်နေလားပဲ"
"သူက ဆရာလျူးဝစ်ဆီကို ဆရာတော်လိုက်ပြီးနောက်ပိုင်းမှာ သူ့ကိုယ်သူကောင်းကင်ကို ဒူးတိုက်နိုင်ပြီထင်နေတာလေ... "
"စစ်မြေပြင်ရဲ့အစောက်အရှောက်ငါးပါးထဲက သခင်နွန်းရဲ့မျိုးဆက်ကို ပြန်ခံပြောရဲတဲ့သူက ရှိသေးတယ်...ကျောင်းတော်ကို ပြန်ရောက်မှ အမြင်တွေဖွင့်လာပြီ" စီနီယာတန်းက ကျောင်းသားတွေကလည်း အန်ဒီးယားကို 'ငပိန်းပါလား'ဆိုတဲ့အကြည့်တွေနဲ့ကြည့်ကာပြောဆိုနေတော့သည်၊
အန်ဒီးယားမှာ ဒေါသကြောင့် သွေးငယ်ထိပ်ဆောင့်သွားသလိုပင်၊သူ့ကို အပြစ်တင်ပြောဆိုတဲ့ကောင်ကိုကြောင့်တော့ ဘာမှမပြောပဲ သူ့ကို လာအပြစ်တင်ရဲတယ်!
"အီရှ ဒေါသထွက်မနေနဲ့" ဒန်နာရီက အီရှရဲ့ပခုံးကိုပုတ်ပေးရင်းပြောလိုက်တော့ အီရှကခေါင်းညိတ်လိုက်ပြီး အန်ဒီးယားကို အမှိုက်စတစ်စလိုတစ်ချက်ကြည့်လိုက်ပြီး အကြည့်လွဲကာ အန်းတိုလ်ရင်ခွင်ထဲဝင်နေလိုက်သည်၊
အန်ဒီးယားရဲ့အမှောင်ထုအငွေ့အသက်တွေက အီရှကို ခေါင်းကိုက်စေပြီး ပင်ပန်းလွယ်သည်၊အန်းတိုလ်ကလည်း အီရှကို မင်းသမီးလေးလိုပွေ့ချီလိုက်ပြီး ရင်ခွင်ထဲထည့်သိပ်ထားသည်၊