"ကျွန်...ကျွန်တော်မပြောမိပါဘူး..."
"မပြောမိဘူးတဲ့လား" ချဲလ်ရဲ့ငြင်းဆိုစကားကြောင့် ရန်ဟွမ်က စိတ်ပျက်စွာရယ်မောလိုက်မိသည်၊ထို့နောက်မှာ မှတ်ဥာဏ်ကျောက်တုံးကို ထုတ်လိုက်ပြီး အသုံးပြုလိုက်ချိန်မှာ အားလုံးက မှတ်ဥာဏ်ကျောက်တုံးကြောင့် ပေါ်လာတဲ့ပုံရိပ်တွေကို ကြည့်ရင်း အံ့အားသင့်သွားတော့သည်၊
"နေပါဦး ပြောတော့ စီနီယာရန်ဟွမ်က သူ့ကိုသဘောကျနေတာကြောင့် ဒန်နာရီကို သူ့အစားယှဉ်ပြိုင်ခဲ့တာဆို...​ငါကြည့်ရသလောက်တော့ စီနီယာရန်ဟွမ်က သူ့ကို မကြိုက်ပါဘူး..." ပုံရိပ်ယောင်ကမြင်ကွင်းတွေကြည့်ပြီး အကုန်လုံးက ချဲလ်ဟာ မျက်နှာပြောင်တိုက်ထားမှန်းသိလိုက်ရသည်၊
"ချီးပဲ စီနီယာချဲလ်က အကုန်လုံးက သူ့ကိုကြိုက်နေတဲ့ဆိုတဲ့ဇာတ်များကနေသလားပဲ!"
"သူ့ရုပ်က ကြည့်ကောင်းပေမယ့် သူ့ထက်ကြည့်ကောင်းတဲ့သူတွေ ငါတို့ကျောင်းတော်မှာ ရိုက်သတ်လို့မကုန်ပါဘူးဟ"
ကျောင်းသားတွေကလည်း မကျေနပ်စွာပြောလာတော့သည်၊ရန်ဟွမ်ကလည်း အနည်းငယ်စိတ်ရှုပ်ထွေးသွားတော့သည်၊ သူက ချဲလ်ရဲ့စိတ်ဓာတ်ကို သဘောကျခဲ့ရုံသာဖြစ်ပြီး ချဲလ်ကို စိတ်တောင်မဝင်စားခဲ့ပေ၊
"ခင်ဗျား... !" ချဲလ်က မှတ်ဥာဏ်ကျောက်တုံးက ပုံရိပ်တွေက နောက်ကိုဖင်ထိုင်ကျသွားတော့သည်၊ရန်ဟွမ်က သူတို့ပြောထားသည်ကို တိတ်တဆိတ်မှတ်ဥာဏ်ကူးရိုက်ထားမည်လို့မထင်ခဲ့ပေ၊
မယ်လီရာတို့ကလည်း အနည်းငယ်စိတ်ရှုပ်ထွေးသွားတော့သည်၊ဒါပေမယ့် သူမက ချဲလ်ဘက်ကနေ အဆုံးထိရပ်တည်ပေးချင်သေးသည်၊သူမတို့က ငယ်ငယ်တည်းကခင်မင်လာတဲ့သူတွေမလား၊
"စီနီယာရန်ဟွမ်... ခိုးကြောင်ခိုးဝှက်နဲ့မှတ်တမ်းတင်တာကလူကြီးလူကောင်းပီသတဲ့အလုပ်မဟုတ်ဘူးနော်" အန်ဒီးယားက ရန်ဟွမ်ကိုအပြစ်တင်လိုက်သည်၊ရန်ဟွမ်က ခိုးကြောင်ခိုးဝှက်မှတ်တမ်းတင်ထားတာက ကောင်းမွန်တဲ့လုပ်ရပ်မဟုတ်မှန်းသိတာကြောင့် အန်ဒီးယားကို ဘာမှမပြောနိုင်ဖြစ်သွားတော့သည်၊