အီရှက အန်ဒီးယားကို ရွံ့ရှာလှသည်၊လူသားတစ်ဦးဖြစ်ပြီး သန်မာချင်ရုံနဲ့ နတ်ဆိုးတွေဆီကို အောက်ကျို့ခံကာ စွမ်းအားငှားတဲ့သူမျိုးတွေကို ရွံ့ရှာလှသည်၊ဒါကြောင့် အီရှက အန်ဒီးယားကိုကြည့်တဲ့အကြည့်တွေကို ဖုံးကွယ်ထားရန် အကြောင်းမရှိပေ၊
"အီရှ သွားကြမယ်လေ"
"အင်း"
အန်ဒီးယားက ထွက်သွားတဲ့ဒန်နာရီတို့အဖွဲ့ကို ကြည့်ရင်း ရင်ထဲမှာ မနာလိုဖြစ်နေမိသည်၊အထူးသဖြင် ဒန်နာရီမှာ အင်အားကြီးပြီး ပါရမီရှိလှတဲ့သူငယ်ချင်းတွေကို ပိုင်ဆိုင်ထားသည်ကို မနာလိုလှသည်၊ပြီးတော့ မှော်စစ်ဆေးတုန်းကလည်း သူ့ကို နှိမ်ခဲ့တဲ့အီရှ လုလ် နွန်းရိုလ်မို့ကိုလည်း အန်ဒီးယားမကြိုက်နှစ်သက်ပင်၊ အထူးသဖြင့် ထိုတစ်ယောက်ရဲ့မျက်ဝန်းတွေကိုပေါ့၊
ထိုမျက်ဝန်းပြာများဟာ တစ်ချက်တစ်ချက်ရွှေရောင်တောက်ပနေပြီး သူ့ကို ရန်သူလိုစိုက်ကြည့်နေသည်ကို သတိထားမိသည်၊နတ်ဆိုးဘုရင်ကလည်း သူ့ကိုစွမ်းအားပေးပြီး​နောက်မှာ ပြန်အိပ်ပျော်သွားတာကြောင့် အန်ဒီးယားမှာ မေးလို့မရတော့ပေ၊ ကျောင်းစာကြည့်တိုက်မှာလည်း ထိုမျက်ဝန်းနဲ့ပတ်သတ်ပြီးရှာကြည့်ပေမယ့် ရှာမတွေ့ခဲ့ပေ၊
အခုလည်း ထွက်မသွားခင် သူ့ကို ရွံ့ရှာတဲ့အကြည့်တွေနဲ့ကြည့်သွားတာကြောင့် အန်ဒီးယားဟာ လက်သီးကိုကျစ်ကျစ်ဆုပ်လိုက်မိသည်၊
'အခွင့်အရေးသာရှိရင် ထိုမျက်လုံးများကို ဖျက်စီးပစ်ပြမယ်!'
"ဝိုးးးး ဒန်နာရီကို အဆင့်(40)က စီနီယာကျောင်းသားက စိန်ခေါ်ခဲ့ပြီး ဒန်နာရီလည်း အနိုင်ရရှိခဲ့တယ်တဲ့...!"
ကျောင်းသားတစ်ဦးက ကျောင်းခန်းထဲကို ဝင်လာပြီးနောက်မှာတော့ သူ့သူငယ်ချင်းတွေကို ပြောပြလာတော့သည်၊အခြားစိတ်ဝင်စားတဲ့သူတွေကလည်း စုဝေးလာပြီး ထိုကျောင်းသားဆီကနေ အသေးစိတ်သိချင်နေကြတော့သည်၊
"တစ်ခါ ဒန်နာရီကို ရှူံးသွားတဲ့ စီနီယာချဲလ်ကို သိကြတယ်မလား"
"သိတယ်လေ သူက စီနီယာဂျော့ဖရေးကို သဘောကျနေပြီး ဒန်နာရီကို မနာလိုဖြစ်နေတာလေ" ကျောင်းသားတစ်ဦးက ဝင်ထောက်ပြောလိုက်တော့ ထိုကျောင်းသားကလည်းခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်၊