"ဒန်နာရီ! မင်း လေ့ကျင့်ရေးကွင်းပြင်မှာ အဆင့်လေးဆယ်ရှိတဲ့စီနီယာကို အနိုင်ရရှိခဲ့တယ်ဆို"
ဒန်နာရီတို့အဖွဲ့က အခန်းထဲဝင်လာပြီး ဒန်နာရီက လူဝိုင်းအုံနေတဲ့အန်ဒီးယားကို တစ်ချက်တောင်လှည့်မကြည့်ပဲ ခုံမှာဝင်ထိုင်လိုက်ပြီး အော်ကြီးဟစ်ကျယ်နဲ့ဝင်လာတဲ့ရှီရယ်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်၊
"ဒီမနက်တုန်းက အဲ့စီနီယာက စီနီယာချဲလ်အစား ငါ့ကို စိန်လာခေါ်တာလေ..." ဒန်နာရီက အေးဆေးလေးပြောလိုက်ပေမယ့် မှော်အမှတ်ကို လာလှူဒါန်းပေးတာကိုတော့ ကျေးဇူးတင်မိသည်၊
အဆင့်အများကြီးခုန်တက်သွားတာက အမှတ်နှစ်သောင်းချီးမြှင့်ခံလိုက်ရသည်မလား၊အရင်ကဆိုရင် ကိုယ့်ထက်မှော်စွမ်းအင်အဆင့်မြင့်မားတဲ့သူကို ဒန်နာရီပြန်တိုက်ခိုက်နိုင်မည်မဟုတ်ပေမယ့် လက်ရှိဒန်နာရီက နှစ်ဘဝရှင်သန်လာသူဖြစ်ပြီး အရင်ဘဝက တိုက်ပွဲတွေကြားကနေရှင်သန်ရုန်းထွက်လာတဲ့သူမို့လို့ တိုက်ပွဲအတွေ့အကြုံတွေရှိလှသည်၊
နောက်တစ်ချက်က ဒန်နာရီက Spiritsထိန်းကျောင်းသူဖြစ်သလို မှော်ပညာကိုကောင်းစွာအသုံးချတတ်သူလည်းရှိပြီး မှော်ပညာနဲ့ပတ်သတ်ပြီး နားလည်သည့်အဆင့်က မဟာကျွမ်းကျင်အဆင့်မှာမရှိပေမယ့် ကျွမ်းကျင်အဆင့်မှာတော့ရှိသည်၊
"ချဲလ်ဆိုတဲ့တစ်ယောက်က အကြိမ်ကြိမ်မျက်နှာအရိုက်ခံရတာတောင် အမှတ်မရှိဘူး သူ့အစား ငါတောင်ရှက်လာပြီ"
ရှီရယ်က ရယ်မောရင်းပြောလိုက်ပြီးနောက်မှာ သူကလည်းတွေးတောနေတော့သည်၊အဆင့်သတ်မှတ်ချက် ကွာဟသွားရင် မှော်အမှတ်တွေကို အေးဆေးရတယ်ပေါ့၊ပြီးတော့ အဆင့်မြင့်မားတဲ့သူကအရင်စိန်ခေါ်တာကြောင့် စနစ်က ဒန်နာရီကို ထိုက်တန်တဲ့မှော်အမှတ်တွေကို ချီးမြှင့်လိုက်ခြင်းသာဖြစ်သည်၊
"နေ့လည်စာ သွားစားကြမလား" အီရှက ပျင်းရိစွာသန်းလိုက်ပြီးနောက်မှာ သူ့ရဲ့အကြည့်တွေက အန်ဒီးယားဆီရောက်သွားတော့သည်၊အန်ဒီးယားက ဒန်နာရီကို မုန်းတီးစွာစိုက်ကြည့်နေပြီးနောက်မှာ အီရှရဲ့အကြည့်တွေကို သတိထားမိဟန်ဖြင့် ပြန်ကြည့်လာတော့သည်၊