𝗟𝗶𝘁𝘁𝗹𝗲 𝗕𝗿𝗼𝘁𝗵𝗲𝗿 ▍𝗖𝗵𝗮𝗽𝘁𝗲𝗿╺ 𝗜𝗜 ❮𝗨𝗻𝗶𝗰𝗼𝗱𝗲❯

586 62 43
                                    

"Hyung သူလာရင် ကျွန်တော်က Park Jongseong မဟုတ်ဘူးလို့ ပြောပေး!"

တိုးတိုးတိုးတိုး ကြိတ်ကာ အကူအညီတောင်းတဲ့ ကောင်လေးအဆုံး Heeseung အသံလာရာ တစ်ဖက်သို့ လှမ်းကြည့်လိုက်သည်။

အပေါ်နဲ့အောက် ဆင်တူ မီးခိုးရောင် oversized sweatshirt နှင့် sweatpants အား ၀င်ဆင်ထားသော မျက်မှောင်တွေ ကြုတ်ထားသည့် ကြောင်ကလေးလို မျက်လုံးတွေနဲ့ ကောင်လေး...။

သို့သော်လည်း ရွေ့လျားခဲ့သော Heeseung ၏ အကြည့်ကတော့ ထိုကောင်လေး၏ အလွန် ၊ လမ်းမီးတိုင်အောက် မတ်တတ်ရပ်နေသော ဖျော့တော့သည့် အရိပ်ကလေး၌ အဆုံးသတ်ခဲ့သည်။

Heeseung နဲ့ အကြည့်ချင်း စုံနေသော ကျားသစ်‌တစ်ကောင်လို စူးရှရှ မျက်၀န်းတွေဟာ အမြင့်တစ်နေရာမှ ပြုတ်ကျခဲ့သော မှန်ကလေးတစ်ချက်လို အပ်ကြောင်းအထပ်ထပ်ဖြင့်။

လေယူရာ အတိုင်း ကောက်သားပြေပြေ ဆံသားနက်နက်တွေက လွင့်မျောနေတာကြောင့် ကောင်လေးရဲ့ မျက်လုံးတွေထဲက မျက်ရည်စ အချို့က လေကြောင့်သာ ဖြစ်ကောင်းဖြစ်နိုင်ပါရဲ့။

သူ့အနားလည်း မလာ ၊ သူ့ကိုသာ ငြိမ်သက်စွာ ကြည့်နေပါသော Chulsoo ၏ မမြင်နိုင်သည့် နားရွက်ကလေးများနှင့် အမြီးကလေးဟာ သေချာပေါက် ငိုက်စိုက်ကျကောင်း ကျနေနိုင်ပါရဲ့။

"Park Jongseong! ခင်ဗျားကိုယ် ခင်ဗျား ဘာလုပ်နေတယ် ထင်လဲ?!"

ခပ်စူးစူး အသံကြောင့် သတိ၀င်လာခိုက် Heeseung ခေါင်းအား ဆက်ခနဲ လှည့်မိတော့ ခုနက မီးခိုးရောင် ကြောင်ကလေးဟာ သူတို့အနားတောင် ရောက်နေခဲ့ပြီ ဖြစ်ပြီး Jay အား သူ့ရင်ခွင်ထဲကတောင် ဆွဲထုတ်ပြီးနေပြီ ဖြစ်၏။

"Jungwonnie ကိုယ် မင်းကို ငြင်းပြီးသားလေကွာ ကိုယ့်ဟာကိုယ် ဘာလုပ်လုပ်ပေါ့"

ဂုတ်က အင်္ကျီစအား ဆွဲကိုင်ထားတဲ့ လက်ကို အသာလေး ဖယ်နေတဲ့ Jay ဟာ တိုးလျလျ အသံလေးကိုပါ ထည့်ကြည့်ရင် ကောင်လေးကို အတော်လေး ကြောက်ပုံပါပဲ။

"တိတ်! ခင်ဗျား ငြင်းငြင်း မငြင်းငြင်း ခင်ဗျားက ကျွန်တော့်အပိုင်လို့ ပြောထားလား မပြောထားဘူးလား?! မျက်စိအောက်က ခဏလေး ပျောက်တာနဲ့ သူစိမ်းတစ်ယောက်အနား တိုးချွဲနေတာ ကျွန်တော်က ခင်ဗျားကို ဘယ်လို အယုံအကြည် ရှိပေးရတော့မှာလဲ?! အခန်းထဲ ကြိုးတုတ်ပြီး ချုပ်ထားမှ ခင်ဗျား အသိတရား ဝင်မှာလား? ဟုတ်လား?!"

𝗟𝗶𝘁𝘁𝗹𝗲 𝗕𝗿𝗼𝘁𝗵𝗲𝗿  ▍𝗡𝗶𝗸𝗦𝗲𝘂𝗻𝗴Where stories live. Discover now