Part 5 ( U + Z )

26K 1.1K 111
                                    

Unicode

"မာမီ!!!! အိုးခိုင်မော့! မာမီတဲ့လား"

တနင်္လာနေ့ဖြစ်သောကြောင့် ဆု ကျောင်းရောက်နေလေသည်။ နေ့လည်အတန်းချိန်ပြီး၍ ကန်တင်း တွင်သူငယ်ချင်းဖြစ်သူနှစ်ဦးအား တင်မမမောင် က မာမီ ဟုခေါ်ခိုင်းသည့် အကြောင်း ပြန်လည်ဖောက်သည်ချနေလေသည်။

"ဟဲ့ မိဆု ငါသိနေတယ် ငါကောင်းကောင်းကြီးသိနေတယ်"

"ဘာသိတာလဲဟယ် စိတ်ညစ်နေပါတယ်ဆို"

"ဟဲ့! ဘာသိရမှာလဲ နင့်ကိုမာမီလို့ခေါ်ခိုင်းတာလေ ငါသိနေတယ် မိဆု နင့်မာမီကြီးက အထက်ပုဂ္ဂိုလ်ပဲ"

မြတ်နိုးသူပြောသည့် စကားများအား နန္ဒာလင်းကထောက်ခံပုံဖြင့် ခေါင်းသာညှိမ့်လေသည်။ သို့သော် ပါးစပ်ကအစားမပျက်ပေ။

"ဟာ .. ဘာ .. ဘာအထက်ပုဂ္ဂိုလ်လဲ"

"ဟဲ့! အူကြောင်ကြောင် လုပ်မနေနဲ့ နင် မာမီ fiction တွေမဖတ်ဖူးဘူးလား"

"ဖတ်ဖူးတယ်လေ"

"အေး .. မာမီတွေတော်တော်များများက အပေါ်မှာနေတဲ့သူကြီးပဲ နင့်ရဲ့ ဒေါ်တင်မမမောင် လဲအမိန့်သံကြီးနဲ့လာမှာပဲ မယုံရင်စောင့်ကြည့်လိုက် ငါပြောရင်လွဲခဲတယ်"

"နေပါဦး ငါက သူ့ကိုယူမယ်လို့ပြောမိလို့လား"

"ငြင်းလဲနင်ယူရမှာပဲ နင့်မှာငြင်းပိုင်ခွင့်မရှိဘူး တီချယ်မေ က နင့်ကို သူနဲ့ပဲပေးစားမှာ"

ဆု နှင့် မြတ်နိုးသူကတော့ အမြှုပ်ထွက်မတတ်စကားပြောနေသော်လည်း ခေါင်းကြီးငုံ့ကာ ကြေးအိုးဆီချက်အား တစ်ယောက်ထဲလုစားနေသည့် နန္ဒာလင်း ကို ကြည့်မရတော့ပေ။

"ဟဲ့! နန္ဒာ! ဖြေးဖြေးမြိုစမ်းပါတယ် နင့်ပန်းကန်ကိုဘယ်သူမှလုမစားဘူး"

"နင်ကလဲ ပြောမယ်ဆိုတာကြီးပဲ ကြေးအိုးဆီချက်ကငါ့ရဲ့ ဖေးဗရိတ်အစားအစာမှန်းသိရဲ့သားနဲ့"

ပြောရင်းဖြင့် နန္ဒာအကြည့်များသည် ခပ်ဝေးဝေးမှ လျှောက်လာသည့် အမျိုးသမီးတစ်ဦးထံအကြည့်ရောက်သွားလေသည်။

မျက်လုံးလေးလုံးပါသည့်နန္ဒာလင်းမှ စားပွဲပေါ်တွင် တင်ထားသည့် သူ၏မျက်မှန်အားကောက်တတ်လိုက်ရာ

Mommy Wife (Completed)Where stories live. Discover now