1995 ခုနှစ် နှင်းတွေပြည့်ကျပ်နေတဲ့နေ့တစ်နေ့
"သားငယ်လေးဒီမှာစောင့်နေနော် မေမေသားလေးအတွက်မုန့်တွေသွားဝယ်ပေးမယ်
"ဟုတ်ကဲ့မေမေ
မျက်လုံးဝိုင်းဝိုင်းနဲ့ကလေးငယ်လေးဟာအမေဖြစ်သူရဲ့ပြောစကားကိုနားထောင်ကာငြိမ်ငြိမ်လေးထိုင်စောင့်နေလေရဲ့ သို့သော်လည်းအမေဖြစ်သူဟာပြန်မလာခဲ့ပါ
တစ်ကိုယ်လုံးတုန်ရီနေပြီး ငိုယိုနေကာအမေဖြစ်သူကိုနောက်ဆုံးထိတစ်နေရာမှမရွေ့ဘဲထိစောင့်နေလေ၏။
နာရီစင်ကနာရီလက်တံများဟာတရွေ့ရွေ့နဲ့ရွေးလျားနေလျက် ကောင်ကင်ကြီးသည်မှာပုစွန်ဆီရောင်သန်းနေလေပြီဖြစ်သော်လည်း အမေဖြစ်သူပြန်လာမယ်လို့ယုံကြည်ကာဆက်စောင့်နေလေသည် အချိန်အတော်ကြာစောင့်ပြီးတဲ့နောက်မှာ ၁၀နှစ်အရွယ်ကလေးငယ်လေးဟာထိုနေရာမှာတင်အအေးဒဏ်ကြောင့်မေ့လဲသွားတော့သည်။
မူးလဲနေတဲ့ကျွန်တော့်ကိုဖွားဖွားမုန်ကခေါ်လာကာသူအိမ်မှာနေစေခဲ့တယ် ဖွားဖွားရဲ့သမီးဖြစ်သူကတော့ကျွန်တော်ကိုသဘောမကျပါ ဖွားဖွားမုန်နောက်ကွယ်တွေမှာ ပြောဆိုဆဲဆိုကာ ကိုယ်ထိလက်ရောက်ပါနှိမ့်စက်လေ့ရှိတယ် အဲ့လိုအချိန်တိုင်းဂယူဘင်းကတစ်နည်းမဟုတ်တစ်နည်းနဲ့ဝင်ဝင်တားကာသူ့အမေဖြစ်သူကိုခေါ်ခေါ်သွားလေ့ရှိတယ် အိမ်မှာကျွန်တော့်ကိုနွေးနွေးထွေးထွေးဆက်ဆံသူဆိုလို့ ဖွားဖွားမုန်နဲ့မြေးဖြစ်သူ ကျွန်တော်နဲ့ရွယ်တူဖြစ်တဲ့ ဂယူဘင်းသာရှိပါတယ် သို့ပေသည့် တီတီလေးကသူ့သားနဲ့ပေါင်းတာမကြိုက်ပါဘူးလေ အဲ့ဒါကြောင့်မို့သူ့ဘက်ကပဲအတက်နိုင်ဆုံးရှောင်တာအကောင်းဆုံးပဲမလား ဒါပေမယ့်ဂယူဘင်းကတော့အဲ့လိုမဟုတ်ခဲ့ပါ
ကံတရားကသူ့ကိုဒီထက်ဆိုးတဲ့အခြေအနေတွေနဲ့ခံစားစေချင်သည့်အတွက်ပင်လားမသိ သူ့ဘဝထဲကဖွားဖွားမုန်ကိုအစောကြီးခေါ်ဆောင်သွားသည် ဖွားဖွားမုန်ဟာယူဂျင်းအသက်14နှစ်မှာကွယ်လွန်သွားခဲ့သည် ဖွားဖွားမုန်ဆုံသွားပြီးနောက်မှာတီတီလေးရဲ့ အပြောအဆိုတွေကယူဂျင်းအပေါ်ပို၍ပင်ဆိုးဝါးလာခဲ့သည်။
"နင်ကအစေခံပဲ အစေခံအစေခံလိုမနေပဲ ငါ့သားနဲ့ပေါင်းချင်တယ်ပေါ့
