ဂျော်ဂျီ ပန်ဖို့ နှင်းဆီ တစ်ပွင့်🌹

64 7 4
                                    


// ဂျော်ဂျီ ပန်ဖို့ နှင်းဆီတစ်ပွင့် //

ကျွန်တော့်နာမည်က
အီသန် ..မိဘမဲ့တစ်ယောက် ..၊
ဂျော်ဂျီ ဆိုတဲ့ ညီမလေးတစ်ယောက်နဲ့အတူ ဘဝကို ရုန်းကန်နေရတာ ။

ကျွန်တော့်အသက် ၁၀ နှစ် ၊
ဂျော်ဂျီ့ အသက် ၅ နှစ်မှာ အမေ က ဆုံးသွားခဲ့တယ် ။
အရက်သမား အဖေ ဟာလည်း အမေမရှိတော့တာနဲ့ တာဝန်ယူမှုမရှိစွာဘဲ ကျွန်တော် နဲ့ ဂျော်ဂျီ့ ကိုပစ်ထားပြီး ထွက်ပြေးသွားခဲ့တယ်လေ  ..။

ကျွန်တော် နဲ့ ကျွန်တော့်ညီမလေး ဂျော်ဂျီ ဟာ မြို့ကြီးနဲ့ဝေးတဲ့ ချောင်ကျတဲ့နေရာတစ်ခုက
တဲအိမ်ကလေးတစ်လုံးမှာနေရတယ် ..၊ အဲ့ဒီတဲအိမ်လေးက အမေ မဆုံးခင်ကတည်းက ကျွန်တော်တို့မိသားစု မှာ ပိုင်ဆိုင်တဲ့တစ်ခုတည်းသော အရာပဲ ..။
ညီမလေး နဲ့ ကျွန်တော့်ရဲ့ စားဝတ်နေရေးအတွက်ကတော့ ရပ်ကွက်ထဲက ဈေးထဲမှာ ပန်းရောင်းရင်း ပိုက်ဆံရှာရပါတယ် ..။
ပန်းတွေကိုတော့ အိမ်နားက ဖွားဖွားဟန်နာ ရဲ့ ပန်းခင်းဆီကနေ ယူ ရောင်းရတယ်။
စိတ်ထားကောင်းတဲ့ ဖွားဖွားဟန်နာ က ကျွန်တော်တို့ မောင်နှမ ကို တခါတလေ စားစရာအချို့လည်းပေးပါသေးတယ် ။

“ ကိုကိုရေ ဂျော်ဂျီ ဗိုက်ဆာတယ် ”

ပန်းရောင်းလို့ ရတဲ့ ပိုက်ဆံတွေကို ရေ နေတုန်း အိပ်မှုန်စုန်ဖွါးနဲ့ထလာပြီး စကားလာပြောတဲ့ ဂျော်ဂျီ ကြောင့် ကျွန်တော်တို့တွေ ညစာ မစားရသေးမှန်းသတိရသွားမိတယ် ..။

ဂျော်ဂျီ ကတော့ ဗိုက်ဆာလွန်းလို့ မျက်ရည်တွေပါဝဲပြီး သူမ ရဲ့ နှုတ်ခမ်းကို ထော်ထားနေနှင့်ပြီ။

အဲ့ဒီလိုနဲ့ ကျွန်တော်တို့မောင်နှမနှစ်ယောက်လည်း ညစာကို အပြင်မှာသွားဝယ်ကြဖို့ ဆုံးဖြတ်လိုက်ကြတယ် ၊ ဖွားဖွားဟန်နာ ကိုလည်း ပန်းဖိုးတွေအပ်ရဦးမှာမို့ ကျွန်တော် ဂျော်ဂျီ့ ကို ကျောပိုးရင်း
ဖွာဖွားဟန်နာရဲ့အိမ်ကို ထွက်လာလိုက်တယ် ။

“ ဖွားဖွားရေ ဖွားဖွား !!”

ကျွန်တော့် ကျောပေါ်က ဂျော်ဂျီ က သူမရဲ့ အသံစွာစွာလေးဖြင့် အိမ်ထဲက ဖွားဖွားဟန်နာကို အော်ခေါ်နေလေတယ် ။
မကြာပါ ..တုတ်ကောက်ကိုသုံးကာ လမ်းလျှောက်လာရင်း အိမ်ထဲကနေ ကျွန်တော်တို့ရှိရာ ကို လှမ်းကြည့်‌နေတဲ့ ဖွားဖွားဟန်နာကို မြင်လိုက်ရတယ် ..။

ဂျော်ဂျီ ပန်ဖို့ နှင်းဆီတစ်ပွင့် Nơi câu chuyện tồn tại. Hãy khám phá bây giờ