"ဟေ့!!"

"အင်းးကျွန်တော့်အခန်းဘယ်မှာလဲ"

"လိုက်ပြမလို့ပဲကို မင်းကအတွေးလွန်နေတာလေ လာ လိုက်ခဲ့"

Haechanရှေ့ကလူနောက်ကိုလိုက်နေရင်း တစ်စုံတစ်ခုကိုသတိရသွားပြီး..

"Lee Mark!!"

သူနဲ့လက်ထပ်ထားတဲ့သူနာမည်ကLee Markတဲ့လေ

ရှေ့ကလူကအနောက်ကိုလှည့်လာပြီး ဘာလဲဆိုတဲ့ပုံစံဖြင့် Haechanအားမေးဆတ်ပြသည်။

"ဟို...ခင်ဗျားနဲ့ကျွန်တော် တစ်ခန်းတည်းတော့အတူနေရမှာ မဟုတ်ဘူးမလား"

"မဟုတ်ဘူး မင်းအတွက်အခန်းတစ်ခန်းစီစဥ်ပေးထားတယ်"

"ဟုတ်ပြီ အဆင်ပြေသွားတာပေါ့"

"အင်း"

ရှေ့သို့ပြန်လှည့်သွားပြီးLee Mark ဆက်လျှောက်နေလိုက်သည်။

Haechanလည်းLee Markနောက်မှ ဆက်လိုက်လာပြီး လှေကားထစ်တွေလည်းဖြတ်ကျော်ရင်း ပထမဆုံးတွေ့လိုက်ရသည့်အခန်း..

"ဒါက ငါ့အခန်းပဲ ဘေးကအခန်းကမင်းအတွက်"

"အိုခေ!"

"ဒါဆို ငါသွားပြီ မင်းလည်းနားလို့ရပြီ"

"အင်း"

Good Nightတွေဘာတွေလည်းပြောရအောင် သူတို့ဆက်ဆံရေးကအဲ့လောက်မှမရင်းနှီးကြဘဲလေ နှစ်ယောက်သားအခန်းတွေထဲသို့ကိုယ်စီဝင်လိုက်ကြပြီး.....

Haechanကတော့ တစ်နေ့လုံးမိုးလင်းတည်းက ပြင်ရဆင်ရ လက်ထပ်ပွဲမှာလည်းဧည့်ခံရနဲ့ ပင်ပန်းတာကြောင့် အမြန်ရေချိုးလိုက်ပြီး အိပ်ရာပေါ်ပစ်ပြီးလှဲလိုက်မိသည် မကြာလိုက်ပါ တစ်နေ့လုံးပင်ပန်ထားသည်မို့Haechanနှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။

Lee Markကတော့ တစ်နေ့လုံးပင်ပန်းထားတာကိုတောင်မအိပ်သေးဘဲ ကွန်ပျူတာတစ်လုံးနဲ့အခုထိအလုပ်တွေဆက်လုပ်နေတုန်း တခြားလက်ထပ်ပြီးစလူတွေလို မဂ်လာဦးညတွေ ဘဘာတွေဆိုတာလည်းသူ့ခေါင်းထဲမှာမရှိ သူ့ခေါင်းထဲမှာရှိတာ မဂ်လာပွဲကြောင့် မလုပ်လိုက်ရတဲ့သူ့ရဲ့အလုပ်တွေသာ....
ထိုညက Lee Markဘယ်အချိန်အိပ်ခဲ့လဲဆိုတာ Lee Mark ကိုယ်တိုင်သာသိလိမ့်မည်။

"Perfect"Tahanan ng mga kuwento. Tumuklas ngayon