တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

Comenzar desde el principio
                                    

ခဏအကြာမှာ ဝါးလုံးက လွင့်သွားပြန်၏။ကျန်းကျန့်က အဘွားကြီးကျန်းကို ထပ်ပြီး မြေပေါ်သို့ တိုက်ရိုက် လှဲသိပ်လိုက်ကာ ထပြီး ယန်ကျန်းကို ကယ်တင်လိုသော ကျန်းချောင်ရှန့်အား စိုက်ကြည့်နေလိုက်သည်။

ကျန်းချောင်ရှန့်သည် ကျန်းကျန့်၏ အေးစက်သော အကြည့်ကို တွေ့ပြီးနောက် တုန်လှုပ်သွားပြီး လှုပ်ရမည်ကိုပင် ကြောက်လာသည်။ သူက ရွှံ့ထဲတွင် လိမ်လိမ်မာမာဖြင့် အံ့သြထိတ်လန့်စွာ လှဲအိပ်နေသည်။ သူများတွေက ပါးရိုက်ရင်တောင် တုန်တုန်မလှုပ်တဲ့ သူ့အစ်ကိုကြီးက ဘယ်လိုလုပ် ရုတ်တရက်ကြီး ဒီလောက် ကြောက်ဖို့ကောင်းလာတာလဲ...သူကြည့်ရတာ သတ်ဖြတ်ချင်နေတဲ့ အရောင်အဝါရှိနေသလိုပဲ...

နှာမှုတ်သံတစ်ခုနှင့်အတူ ကျန်းကျန့်က ယန်ကျင်း၏ ဓားကို ကောက်ကိုင်လိုက်ပြီး ယန်ကျင်း၏ ရင်ဘတ်ကို နင်းကာ ထက်မြသော ဓားကို ယန်ကျင်း၏ လည်ပင်းပေါ်သို့ တင်လိုက်သည်။

"မင်းက ငါ့ကို ဖမ်းချင်နေတယ်ပေါ့လေ... မနာခံမှု နဲ့ သားသမီးဝတ္တရားမကျေပွန်မှုနဲ့ ငါ့ကို စွဲချက်တင်မယ်ပေါ့"

"မဟုတ်ဘူး...မဟုတ်ဘူး... ငါ မင်းကို သေချာပေါက် ဖမ်းမှာ မဟုတ်ပါဘူး"

ယန်ကျင်းက ခွင့်လွှတ်မှုကို ထပ်ခါတလဲလဲ တောင်းခံသော်လည်း သူ့နှလုံးသားမှာ အမုန်းတရားများ ပြည့်နှက်နေသည်။ သူသည် ငယ်စဉ်ကတည်းက ဤကဲ့သို့ အရှက်တကွဲ မဖြစ်ဖူးပါချေ။စီရင်စုမြို့ကို ပြန်ရောက်တဲ့အခါ သူ ကျန်းမိသားစုကို ကောင်းကောင်းနေ ခွင့်ပြုမှာမဟုတ်ဘူး...

ဟုတ်သည်၊ယန်ကျင်းက ကျန်းကျန့်ကိုသာမက ကျန်းမိသားစုထဲက တခြားမိသားစုဝင်တွေကိုပါ မုန်းတီးနေခဲ့သည်။ကျန်းမိသားစု၏အကြီးဆုံးသားက အရူးတစ်ယောက်ဖြစ်ကြောင်း ထင်ရှားသည်။ကျန်းချောင်ရှန့်က သူ့ကို ခြောက်လန့်ပေးဖို့ သူ့အားပြောသေးသည်။သူ့ရည်ရွယ်ချက်ကဘာလဲ...

ကျန်းကျန့်က သူ့ကို ခြေထောက်ဖြင့် ပြင်းပြင်းထန်ထန် ဖိနင်းလိုက်ပြီး သရော်လိုက်၏။

"မင်း ငါ့ကို ဖမ်းဖို့ မကြိုးစားတာ ပိုကောင်းမယ်...မဟုတ်ရင် ...မင်းငါ့ကိုမသတ်ဘဲ လွတ်မြောက်ခွင့်ပြုသရွေ့ မင်းကိုလာရှာပြီး အပိုင်းပိုင်းဖြဲပစ်မယ်"

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Donde viven las historias. Descúbrelo ahora