အပိုင်း ၁၆

Start from the beginning
                                    

"အကို့ကိုမပြောပါနဲ့ ဒီကိစ္စကိုကျွန်တော်ကပဲစီစဉ်တာပါ ကျွန်တော်အကို့ကိုပိုင်ဆိုင်ချင်လို့ အလိုမတူဘဲခိုးပြေးမိတာပါ"

ရွာသားများ_ "ဟင်....."

သူကြီး_ "ဖိုးသောကြာပြောတာ ဟုတ်သလား ကိုထက်"

သူကြီးမေးတော့ အသက်က မျက်လွှာလေးချကာ ဖြေဆိုလာသည်။

"ကျွန်တော့်ဘက်က ကြည်ကြည်ဖြူဖြူနဲ့ သူ့နောက်ကိုလိုက်ခဲ့တာပါ"

ရွာသားများ_ "ဟယ်...."

ဖိုးသောကြာ_" အသက်မောင့်ကိုယ်စားပြောစရာမလိုပါဘူး မောင်ပဲအပြစ်ခံယူပါရစေ မောင်မှားတာမို့လို့ပါ...သူကြီး အကိုက‌ရန်ကုန်ပြန်ရတော့မယ်လို့ပြောလို့ ကျွန်တော်က အကို့သဘောဆန္ဒမပါဘဲ လုပ်ခဲ့မိတာပါ "

ရွာသားများ_"ဟာ....."

အသက် _" မဟုတ်ပါဘူးဘကြီး ကျွန်တော်ကိုယ်တိုင်ကလည်း သူ့နောက်ကိုလိုက်ချင်လို့လိုက်ခဲ့မိတာပါ"

ရွာသားများ _"အို..."

"နေကြစမ်းပါအုန်းကွာ ဒီမှာခေါင်းစားနေပါတယ်ဆို မင်းတို့က တစ်ဟင်ဟင် တစ်ဟာဟာနဲ့"

သူကြီးရဲ့စကားကြောင့် ရွာသားတွေအားလုံးပါးစပ်ပိတ်သွားရတော့သည်။ရှေ့ကလူနှစ်ယောက်ရဲ့စကားကြောင့် သူကြီးလည်းစိတ်ရှုပ်နေရပြီဖြစ်သည်။အလိုတူလို့ပဲဖြစ်ဖြစ် အလိုမတူလို့ပဲဖြစ်ဖြစ် ပြန်ပြင်ဆင်လို့မှမရတော့ဘဲ သူတို့နှစ်ယောက်ကို လက်ထပ်ပေးရုံပဲရှိတော့တာပေါ့။သူကြီးက ဖိုးသောကြာရဲ့အမေကိုလှမ်းမေးလိုက်သည်။

"ခများဘယ်လိုလုပ်မယ် စိတ်ကူးထားလဲ"

"ကျွန်မသားဘက်ကအမှားလုပ်ခဲ့တဲ့အတွက်ကျွန်မကပဲ တောင်းပန်ပါတယ်ရှင်.. ကျွန်မတို့ဘက်က သူကြီးရဲ့တူကို မိသားဖသားပီပီ လာတောင်းရမ်းပါ့မယ်ရှင့်"

"ဟာ ..ခများအဲ့လိုလုပ်လို့မရဘူးလေ ကျုပ်တို့ဘက်ကလည်း သားရှင်ပဲဟာ တောင်းမယ့်တောင်း ကျုပ်တို့ဘက်က‌ ခများသားကို လာတောင်းရမှာပေါ့"

သူ့ကို လာတောင်းမယ်ဆိုတဲ့စကားသံကြားတော့ ဖိုးသောကြာတစ်ယောက် ဆွေ့ဆွေ့ခုန်ပါလေရော..

ချစ်ရပါတယ် မောင့်အသက်ရယ် (Complete)Where stories live. Discover now