' အ !!!! ဘာလို့ ရိုက်တာလဲ ...။'

ရှောင်းကျန့် သူ ရိုက်တာ ဖြေးဖြေးလေးကို အသံ အကျယ်ကြီး ထွက်ပြနေတဲ့ ယွီ့ကျင်း ကြောင့် ဟိုဘက်က ဝမ်ရိပေါ် များ ကြားသွားမလား ဆိုပြီး အမြန်ကြည့်ရင်း ယွီ့ကျင်း ကို သူ့ အနားကို ပိုကပ်အောင် ဆွဲလိုက်သည်။

' ဘာလို့ အသံ အကျယ်ကြီး ထွက်နေတာလဲ ...။ အခု ဘယ်လို လုပ်ကြမလဲ ...။ သူက မင်း ကို သဘောကျနေတာလား မသိဘူး။ အခုမှ မြင်ဖူးတာကို မင်း ကို လက်ခံ လို့ ရနေပြီ ဖြစ်ကုန်ပြီ။'

' ကဲ ... ဆွဲထားတာကို ဖယ်စမ်းပါ ...။'

ယွီ့ကျင်း ရှောင်းကျန့် လက်ထဲက ရုန်းထွက်လိုက်ပြီးမှ ဟိုဘက်ကို တစ်ချက် လှည့်ကြည့်ပြီး ဆက်ပြောလိုက်သည်။

' သဘောကျတယ် ဆိုရင်တောင် နင့် ကို သဘောကျတာလေ။ သူက ငါ့ကို မြင်တောင် မြင်ဖူးတာ မဟုတ်ဘူး။'

' ဘာပြောတယ် ...။'

ထိုစဉ် ...

' စကား ပြောလို့ ပြီးပြီဆိုရင် ဆိုင်ထဲ ဝင်ကြမယ်။'

' ဟုတ်ကဲ့ ...။ ပြီးပြီ ...။'

' မပြီးသေးဘူး ...။ ဝမ် သခင်လေးပဲ အရင် ဝင်နှင့် လိုက်ပါ။ ကျနော် တို့ ပြီးမှ လိုက်ဝင်ခဲ့မယ်။ ရတယ် မလား ...။'

' ကောင်းပြီ။'

ယွီ့ကျင်း ရှောင်းကျန့် သူ့ကို ထောင်းတော့မယ် ဆိုတာ သိတာကြောင့် ဝမ်ရိပေါ် နောက် လိုက်သွားဖို့ ပြင်သည်။

' နေအုံး !!!!.'

' အ ... ရှောင်း !!!။'

' အေး ... ဟုတ်တယ်။ ငါ က ရှောင်း ...။ မုယွီ့ကျင်း မဟုတ်ဘူး။ အခု ဘယ်လို လုပ်မလဲ ...။ သူသာ ငါ့ကို တကယ် သဘောကျပြီး လက်ထပ်ဖို့ မငြင်းရင် ဘယ်လို လုပ်မလဲ ...။ အဲ့ကျရင် မင်းပဲ သူ့ကို လက်ထပ် ရမှာနော် ...။ ဒါမှ မဟုတ် မင်း လည်း သူ့ကို လက်ခံနိုင်လို့လား ...။'

ယွီ့ကျင်း ဝမ်ရိပေါ် ရဲ့ ပုံစံ ကို ပြန်မြင်ယောင်လိုက်ပြီး ပုခုံး နှစ်ဖက်တွန့် လက် နှစ်ဖက်ပါ ခါပြလိုက်ရင်း ...

' မကျဘူး ...။ သူက ငါ သဘောကျတဲ့ ပုံစံ မဟုတ်ဘူး။ တကယ်တော့ ငါ့မှာ သဘောကျတဲ့ ယောကျာ်းလေး ပုံစံ မရှိဘူး။ ဒီတိုင်း လွတ်လွတ် လပ်လပ် ပဲ နေချင်သေးတယ်။'

What's wrong? ( Completed )Where stories live. Discover now