"မင်း စာကိုသေချာအာရုံစိုက်စမ်း လူကစာသင်ခန်းထဲမှာ စိတ်ကလေလွင့်နေတာလားး"

"ဟုတ်ကဲ့ ဆရာ😔"

အော် အိုဆယ်ဟွန်းလေးခမျာ ဆရာကအောင်ငေါက်ရတဲ့ထိ ဂျွန့်ဆီစိတ်ရောက်ပြီးပူနေလိုက်တာများးး

"ဆယ်ဟွန်းရယ် ဂျွန်မြောင်ကရောက်လာမှာပါ စိတ်မပူပါနဲ့"
"ဟျောင့် မင်းဂျွန်က ကလေးမဟုတ်ဘူး ပူမနေနဲ့"
ဟုဆိုကာ ဂျုံအင်နဲ့ဘတ်ဟျွန်းပြောမှ နည်းနည်းဂနာငြိမ်တော့သည် နည်းနည်းနော် ပိစိလေးငြိမ်တာ🤏

ဆယ်ဟွန်းတို့ပထမချိန်ပြီးတော့မှ ဂျွန်မြောင်ရောက်လာလေသည်..

"ဂျွန် အဆင်ပြေရဲ့လား အန်တီကရော ဘာဖြစ်တာလဲ"

"ပြေတယ် ဆယ်ဟွန်း ommaက သွေးနည်းနည်းတိုးလို့ မူးတာတဲ့ ငါလည်းommaအိပ်ပျော်သွားမှ ထွက်လာလို့နောက်ကျသွားတာ"

"မင်းးလာလို့တော်သေးဂျွန်မြောင် မဟုတ်ရင် မင်းဆယ်ဟွန်းက ကျောင်းပြေးပြီး မင်းဆီသွားမယ် လုပ်နေတာ" လို့ဘတ်ဟျွန်းပြောတော့ .......

/ကျနော် "ဟွန်း" ကိုကြည့်လိုက်မိတယ်...
"ဟွန်း"က စိတ်ပူနေခဲ့တာလား ကျနော့်ကို..
ဟုတ်လားး ဘာလို့လည်း"ဟွန်း"ရယ် မင်းငါ့ကိုအမြဲဒီလိုဂရုတစိုက်ရှိနေပေးတာ ဘာလို့လည်းးကြာလာရင် ငါ့ရဲ့စိတ်ကိုမင်းသိသွားရင်ရော မင်းငါ့ကိုဘယ်လိုမြင်မလဲ
ဟင့်အင်းး မင်းသိလို့မဖြစ်ဘူးး မင်းငါ့ကိုအထင်သေးမှာကို မလိုလားဘူး"ဟွန်း" အဲ့အတွက်လည်း ငါ့ရဲ့စိတ်တေကို ဖုံးကွယ်သင့်ရင် ကွယ်ရမယ်

မင်းသိဖို့လိုလည်းတယ် ငါတစ်ယောက်တည်းပဲသိပြီး ချစ်နေရလည်း အဆင်ပြေတယ်..

ဟုတ်တယ်....

ကျနော် "ဟွန်း"ကို ချစ်နေခဲ့တာ....../
.
.
.
.
.
တစ်မနက် ဂျွန်မြောင် စာကြည့်တိုက်ထဲ စာလုပ်နေစဉ်..

"ဟိုလေ....ဒီက အကိုက...." ဟူဆိုကာ ဂျွန်မြောင့်အနားကို ကောင်မလေးတစ်ယောက်ရောက်လာလေသည်

JUNWhere stories live. Discover now