part29

1.4K 108 27
                                    

"မင်းဆောက်ရူးမထတော့နဲ့လေ ငါပြောနေတယ်လေ ဂျီမင် ဂျောင်ကုက မင်းကိုအစကတည်းကမချစ်ခဲ့တာ မင်းမသိတာလား ဆော့ဂျင်အပေါ်ထားတဲ့စိတ်ကို ဖုံးကွယ်နေတာ မင်းဆက်မရူးနဲ့တော့ "
"ငါ့ကိစ္စကြားထဲမင်းဝင်မရှုပ်နဲ့လို့ငါသတိပေးပြီးပြီနော်ကင်မ်ထယ်ယောင်း"
"ငါကတော့ရှုပ်ရမှာပဲ ငါ့လိုအဖြစ်မျိုးမဖြစ်စေရဘူး နောက်ပြီး မင်းကြောင့်အသက်ဆုံးရှုံးသွားတဲ့သူလိုလဲ ငါ့ရဲ့အရုပ်ကလေးနဲ့ သားတွေကိုအဖြစ်မခံနိုင်ဘူး ငါ့ရဲ့အထိကျန်ဆန်နေတဲ့ဘဝက ဂျင်နဲ့တွေ့မှ စကားပြောဖော်ရတာလာ သူက ငါ့အတွက် တန်ဖိုးရှိဆုံးအရာပဲ "
"ဘာလို့လဲ ဘာလို့ ဆော့ဂျင်ကိုပဲ ကာကွယ်ပေးနေကြတာလဲ သူက ငါ့ထက်ဘာတွေများသာနေလို့လဲ ဟမ်"
"ဘယ်အရာကမှ ဂျင်နဲ့နှိုင်းယှဥ်မရဘူးဂျီမင်"
"ငါက ကိုကိုဘာကြောင့်ထားခဲ့လဲ မင်္ဂလာပွဲကိုဖျက်လိုက်တာဆိုတာသေချာမသိလိုက်ပဲ တစ်ဖက်သတ်ရပ်တန့်လိုက်တာကို ဒီတိုင်းနေရမှာလား"
"ဘာကြောင့်ဆိုတာအဖြေမရှာနဲ့အဖြေကရှိနေပြီလေ သူ့သားတွေကြောင့်ပဲ တစ်ဖက်သတ်ရပ်တန့်ခံလိုက်ရတဲ့ခံစားချက်ကတော့မင်းသိနေလောက်ပါပြီ"
"သူ့သားတွေနဲ့ ဆော့ဂျင်နဲ့ပျော်ဖို့အရေးငါက နောက်ဆုံးပေးရမှာလား မရဘူးနော်သူတို့ပျော်ဖို့အရေးငါပြိုလဲမပေးနိုင်ဘူး"
"သူ မင်းကိုတကယ်မချစ်ခဲ့ဘူးလို့ငါပြောပြီးပြီလေ မင်းဦးနှောက်မရှိဘူးလား"
"ဘာလို့လဲ  ငါကတော့သူနဲ့ကျမှ မာနတွေအတ္တတွေ ခဝါချခဲ့ရတာ သူကတော့ သူကတော့ ဆော့ဂျင်ကိုပဲ ရင်ထဲမှာရှိနေခဲ့တာ ငါ့အပေါ်မတရားလုပ်တဲ့ကိုကို ကို ငါဒီတိုင်းလွှတ်မထားဘူး"
"စွန့်လွှတ်မှုနဲ့ခွင့်လွှတ်မှုမရှိရင် မင်းအရမ်းနာကျင်ပြီး ခံစားရလိမ့်မယ်ဂျီမင် ကိုယ့်ကိုမချစ်တဲ့လူကိုစွန့်လွှတ်ပြီးခွင့်လွှတ်လိုက်ပါအဲ့လိုမင်းအားလုံးကိုလွှတ်ချနိုင်တဲ့နေ့ မင်းလန်းလန်းဆန်းဆန်းတက်တက်ကြွကြွ ပြန်ပြုံးနိုင်လိမ့်မယ် "
"စွန့်လွှတ်လိုက်လို့ပြောရအောင် ကိုကို ကို ငါမှမပိုင်ခဲ့တာ ကိုကိုနဲ့ငါက ဒီတိုင်းရေစက်ကုန်အောင် ဒင်းတို့သားအဖသုံးယောက်ဝင်ဖြတ်သွားတာ"
"ဖြတ်တာမဟုတ်ဘူးလေကွာ ဖူးစာမှမပါတာ ငါနဲ့မင်းလို့ပေါ့"
".........."
"မင်းနဲ့ဖူးစာဆုံပြီး ထိုက်တန်တဲ့သူကိုတွေ့မှာပါ လျှောက်မလုပ်ပါနဲ့တော့ဂျီမင်ရယ် ဂျောင်ကုကိုလဲရွဲ့ပြီး မဟုတ်တဲ့သူတွေနဲ့လည်းမတွဲနဲ့ လူတစ်ယောက်ကိုမေ့ဖို့အတွက် လူတစ်ယောက်ကိုအစားထိုးတာကလဲ မတရားတာပဲ ချစ်ခြင်းမေတ္တာကိုခေါင်းစဥ်တပ်ပြီး လျှောက်မလုပ်ပါနဲ့တော့"
"......,.."
ငါဘယ်လိုလုပ်ရမလဲ ကိုကိုကလွဲပြီးဘယ်သူ့ကိုမှလဲအစားမထိုးနိုင်ဘူး မင်းတို့ငါ့ကိုလှောင်နေမှာပေါ့ လေတိုးသံလေးကြားရင်တောင် ကိုကို ငါ့စီကိုပြန်လာတဲ့ခြေသံလားလို့ ငါ့မှာနားစွင့်နေရတာ ကိုကိုက ငါမှ ပြန်မခေါ်နိုင်ရင် ပြန်လာမှာမဟုတ်တော့ဘူး ဖြစ်နိုင်ရင် ကိုကိုပါးစပ်က ဘေဘီဆိုတဲ့ခေါ်သံလေးနဲ့ချစ်တယ်ဆိုတဲ့စကားလေးကို ငါပြန်ကြားချင်မိတယ်
"မင်းမိဘတွေနဲ့ ဟိုမှာပဲနေပါတော့"
"ဟက် အဲ့လောက်လွယ်သလား ဟမ် "
"မလွယ်ကူဘူး လုံးဝမလွယ်ဘူးနာကျင်ရသမျှက ကြင်နာရတဲ့သူစီကပဲရတာ ကိုယ်ကမှ မကြင်ပဲမချစ်ပဲမနေနိုင်ရင်တော့ ငိုပြနေလဲလွတ်အောင်မပြေးနိုင်ဘူးဒီအချစ်နွံထဲက"
"မင်းရဲ့အဓိပ္ပါယ်မရှိတဲ့ဆောက်စကားတွေကို ငါနားမထောင်နိုင်ဘူးဖယ်စမ်းငါ့ရှေ့က"
"မင်းသတ္တိရှိရင်လုပ်လိုက် ငါပုံရိုက်ပြီးရဲလက်ထဲအပ်မယ်"
"တောက်စ် မင်း!!!!!"
"ပြန်လိုက်တော့ မဟုတ်ရင် ငါဂျောင်ကုကိုလှမ်းခေါ်ပြီးမင်းအကြောင်းတွေပြောပြရလိမ့်မယ်"
"မင်းးး!!!!! ငါမကျေနပ်သေးဘူး"
"မင်းသဘော ငါကတော့ ရသမျှကာကွယ်ပေးနေမှာပဲ"
ဝူးးးးးးးးးးးးးး

L.O.V.EWhere stories live. Discover now