chapter -68-[လိမ္မာတဲ့ကောင်လေးရှောင်ခိုင်က ဦးဆောင်သူနေရာရောက်နေပြီ]

1.1K 179 0
                                    

chapter -68-[လိမ္မာတဲ့ကောင်လေးရှောင်ခိုင်က ဦးဆောင်သူနေရာရောက်နေပြီ]

" ရက်ပိုင်းအတွင်း ရှောင်ခိုင်နဲ့ အနီးအနားကမြို့ကို ကိုယ်သွားရမယ် ။ မင်းဘာသာ ရွာပြန်မသွားနဲ့ဦးနော် အိမ်မှာပဲ နားနားနေနေ နေခဲ့ ။ "

" အဲ့လိုပဲလုပ်လိုက်ပါ့မယ် ။ "

" မင်းကအခု ကိုယ်ဝန်လွယ်ထားရတာမို့ တခြားသူတွေနဲ့ရန်မဖြစ်အောင် ဂရုစိုက်ဦးနော်။ "

လုလင်းက စိုးရိမ်တကြီး ပြောသည် ။

ချန်းရှောင်မီက လုလင်းကိုစိုက်ကြည့်လိုက်ကာ ကိုယ့်ဘာသာ ခုခံကာကွယ်ပြီးပြောလိုက်သည် ။

" ငါက မင်းအရွယ်လူအများကြီးကို လက်သီးချက်နည်းနည်းသုံးပြီး ထုရိုက်နိုင်သေးတုန်းပဲ။ "

လုလင်း ဆွံ့အသွားသည် ။

ချန်းရှောင်မီ နှုတ်ခမ်းကိုဖိကိုက်လိုက်ပြီးပြောသည် ။

" ကောင်းပါပြီ ၊ ငါဘာလုပ်ရမှန်းတောင်မသိတော့ဘူး။ ငါရန်ဖြစ်ရတာကိုမနှစ်သက်ပါဘူးနော် ၊ အဲ့ဒါက ပြသနာရှာတဲ့လူတွေကြောင့်ပဲ။ "

" ကိုယ်သိပြီ ၊ သိပြီ .... အဲ့ဒါတွေအားလုံးက သူတို့အပြစ်တွေကြီးပဲ။ "

ချန်းရှောင်မီ လုလင်းရဲ့ကလေးငယ်လို ချော့မြူနေတဲ့သဘောထား အားသတိထားမိတာကြောင့် မျက်လုံးလှိမ့်လိုက်မိသည် ။

လုလင်း ၊ ချင်းရီ နဲ့ ချန်းရှောင်ခိုင်တို့ မိုးမခ မြို့ကို ထွက်သွားကြသည် ။ သူတို့ယခုနေထိုင်ရာ သစ်တောမြို့ထက် မိုးမခမြို့က အများကြီး ပိုကျယ်ဝန်းပြီး စီးပွားရေးအကွက်အကွင်း ပိုကောင်းသည် ။

မိုးမခမြို့ကိုသူတို့ရောက်တဲ့အခါ နေထိုင်ဖို့အဆင်ပြေမယ့် တည်းခိုခန်းကို ရှာကြသည် ။

ချင်းရီနဲ့ ချန်းရှောင်ခိုင်က လုလင်းနောက်ကိုလိုက်ကာ စီးပွားရေးမြို့တော်ကို လှည့်ပတ်စူးစမ်းကြသည် ။

ချင်းရီရဲ့အလုပ်က လုလင်းနောက်မှာလိုက်နေဖို့ဖြစ်ပေမယ့် သူတို့ကတစ်နေ့လုံး လျှောက်သွားနေကြရုံသာဖြစ်ပြီး မိုးမခမြို့မှာဘယ်အရာမှတန်ဖိုးမသေးတာမို့ ချင်းရီ လုလင်းဆီမှာအခွင့်ကောင်းယူနေရသလို ခံစားရသည်။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Wo Geschichten leben. Entdecke jetzt