သူမက လက်ဆန့်ပြီး ထိလိုက်သည်။ သာမန်ဟုသာ ခံစားရသည်။ အနည်းငယ်ပင် ကျောချမ်းစရာကောင်းမနေချေ။

သူမ၏ ဖုန်းမီးရောင်က ပန်းချီကားချပ်ပေါ်သို့ ကျသွားသည်။

ရှီချီက ထိုပန်းချီကားချပ်ကို ပြန်ထားပြီးနောက် ခံစားချက်မဲ့စွာ ပြောသည်။

"အိမ်ပြန်ကြရအောင်"

နင်မုန့်က နားထောင်သလို "အင်း" ပြန်ပြောပြီးနောက် ဆက်ပြောလိုက်သေးသည်။

"ဒီပန်းချီကားချပ်က တစ်ခုခု မှားမမှား ငါတို့ စစ်ကြည့်ဖို့ မလိုဘူးလား"

ရှီချီက သူမကို ကြည့်ပြီး ပြန်ဖြေသည်။

"ချုံခယ့်ခယ့်က သူမဘာသာ ကြည့်လိမ့်မယ်"

နင်မုန့်က တခဏခန့်တွေးလိုက်သည်။ သူမ၏ ‌ယင်မျက်လုံးက ဖွင့်ထားသည်မှာ ကြာလွန်းသဖြင့် သူမ၏ အတွေးများက မကြာခဏဆိုသလိုပင် ချောက်ချားဖွယ်ကောင်းသော နေရာများတွင်သာ တဝဲဝဲတလည်လည် ဖြစ်နေခဲ့သဖြင့် ဖြစ်လောက်သည်။ မည်သို့ပင် ဆိုစေ ဒီပန်းချီကားချပ်က သာမန်ဖြစ်နေလေသည်။

သူမက ပြန်ဖြေလိုက်သည်။

"ကောင်းပြီလေ အိမ်ပြန်ရအောင်"

နင်မုန့်က မီးများ ရုတ်တရက် ပိတ်သွားသောကိစ္စကို လုံးလုံးလျားလျား မေ့လျေ့ာသွားခဲ့ပြီဖြစ်သည်။

လူနှစ်ယောက်က အခန်းထဲမှ ထွက်ပြီး တံခါးများကို ‌လော့ချလိုက်ကြကာ တိတ်ဆိတ်ငြိမ်သက်ပြီး မှောင်မည်းသော နေရာမှ ထွက်ခွာသွားကြသည်။

ရှင်းလင်းနေသော အခန်းထဲသို့ လရောင်က ဖြာကျလာသည်။

အိမ်သို့ပြန်သွားပြီးနောက် နင်မုန့်က ယခုလေးတင်ဖြစ်သွားခဲ့သော ကိစ္စကို ခေါင်းထဲသို့ ပြန်ထိုးထည့်လိုက်ရသည်။ အကြောင်းမူကား လျန်ဖုန်းမိန်က သူမကို ဆူပူနေသောကြောင့် ဖြစ်သည်။

"ဒီမနက်ကတင် အိမ်ကို စောစောပြန်လာပါလို့ ငါ မပြောထားဘူးလား၊ နင် ပြောတော့အချိန်ခဏပဲ ကြာမှာဆို"

သူမက ဆန်ပြုတ်သောက်နေရင်း ပြန်အထွန့်တက်လိုက်သည်။

"အတန်းဖော်တစ်ယောက်က စာအုပ်ပြန်လာယူတာ ဒါကြောင့် ပြန်ဖို့ သူ့ကိုပဲ စောင့်ရတော့တာပေါ့"

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now