"အဲ့နေ့က ကျွန်မ ခေါင်းဆောင်ကို သိပ်ကျေးဇူးတင်ခဲ့တာ၊ မိန်းမသားတစ်ယောက်ထဲ ရှိနေလို့ ကူစောင့်ပေးခဲ့တာကြောင့် အားကိုးခဲ့မိတာ၊ ညရောက်တော့ ကျွန်မအိပ်နေတုန်း သူအခန်းထဲဝင်လာတယ်၊ ကျွန်မ...ကျွန်မကို သူမတော်မတရားကျင့်ဖို့ အိမ်ထဲ ဝင်ခွင့်ပေးလိုက်မိသလို ဖြစ်သွားတယ် အစ်ကိုရယ်"

ထိုအချိန်ခဏမှာ အနှစ်နှစ်အလလ တည်ဆောက်ထားခဲ့ရသည့် ဦးနေမောင်၏ ဘဝဟာ ပြိုလဲကျသွားခဲ့သည်။ မိမိအယုံကြည်ရဆုံးလူက မိမိ၏ ဇနီးသည်ကို မိမိအဝေးရောက်နေစဉ်မှာ စော်ကားဖျက်စီးသွားခဲ့သည်။ ဇနီးဖြစ်သူသည် ဦးနေမောင်က ထိုအကြောင်းကို သိလျှင် လက်စားချေလိုက်ပါက ခေါင်းဆောင်၏ အင်အားကြောင့် ခင်ပွန်းဖြစ်သူ အသက်အန္တရာယ်ရှိမှာကို စိုးရိမ်တာကြောင့် တစ်ယောက်ထဲ ခါးစည်းခံရင်း စိတ်ထွေပြားသွားကာ အရူးတစ်ပိုင်းဖြစ်လာရလေတော့သည်။

"ကျွန်မကို သေခွင့်ပေးပါ အစ်ကိုရယ်၊ ကျွန်မ အရမ်းလည်း ရှက်တယ်၊ ပြီးတော့ ကျွန်မ အစ်ကို့ကိုလည်း မျက်နှာမပြရဲဘူး၊ သေခွင့်ပေးပါနော်"

"ကိုယ် ဘယ်လိုများ ခွင့်ပြုနိုင်ပါ့မလဲ မိန်းမရယ်၊ ကိုယ်အပြစ်တင်မှာလည်း မဟုတ်သလို၊ မင်းအပေါ်မှာလည်း ကိုယ်မငြိုငြင်ပါဘူး"

"ကျွန်မကတော့ ကိုယ့်ကိုယ်ကို ငြိုငြင်ပါတယ် အစ်ကို"

ဦးနေမောင်မှာ ထိုနေ့က မိမိကိုယ်ကို အပြစ်တင်လို့ မဆုံးပေ။ ထို့အပြင် သူ၏ နောက်ထပ်အမှားကတော့ မစ်ရှင်က ပြန်လာပြီးကတည်းက သေနတ်ကို စားပွဲပေါ်တွင် တင်ထားပြီး သိမ်းဖို့ မေ့လျော့ခဲ့တာပင်။ သေနတ်ကို လုလာသည့် မိန်းမဖြစ်သူကို တားနေရင်းနဲ့ပဲ လက်ချော်ကာ စနက်တံကို ဖိချလိုက်မိပြီး ထိုနေရာမှာတင် ဇနီးသည်ကို ဆုံးရှုံးခဲ့ရလေသည်။

ထို့ကြောင့် သူသည် လူရိုင်းတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရလေသည်။ ဂိုဏ်းခေါင်းဆောင်ကိုလည်း ခွင့်မလွှတ်နိုင်သလို မိမိဇနီးအပေါ် ကာကွယ်မပေးနိုင်ခဲ့သည့် သူ၏ ညီအစ်ကိုကောင်းများကိုလည်း မုန်းတီးမိလေသည်။ 

4. Bow To Eros (အချစ်နတ်ဘုရားထံဦးညွတ်ခြင်း)(အခ်စ္နတ္ဘုရားထံ ဦးညွတ်ခြင်း)Where stories live. Discover now