~ ၁၈ ~

82 7 0
                                    

[ Unicode ]
-----------------

အိမ်အောက်ထပ်သို့ခပ်သုတ်သုတ်ဆင်းလာတော့ နံနက်စာစားပွဲဝိုင်းမှာဦးလေးဝင်းကြည်နဲ့ညီမလေးနန်းကြည်ဖြူတို့သားအဖ ၂ ယောက်ကိုသာတွေ့လိုက်ရသည် ။

" ညတုန်းကကျွန်တော်ရိုက်ထားတဲ့ဓာတ်ပုံတွေကို page မှာတင်ဖို့ edit လုပ်နေတာနဲ့အိပ်ယာဝင်နောက်ကျသွားတယ်ဗျ ... ဒီမနက်ကအခုမှနိုးလာလို့ကျွန်တော့်ကိုစောင့်နေရပြီထင်တယ် အားနာလိုက်တာ "

" ရပါတယ်မောင်ရင်ရယ် ... ဒီလူနဲ့ဒီလူပြောစရာလိုသေးလို့လား ... ကဲ ကဲ မနက်စာစားလိုက်အုံး ... သမီး ညည်းအကိုကိုကော်ဖီထည့်ပေးလိုက် "

" ဟုတ်ကဲ့ အဖေ "

" လေးလေးကောဟင် ဦးလေး "

တကယ်တော့ လေးလေးတင်မကဘူး နောက်တစ်ယောက်ကိုပါမတွေ့၍သိချင်စိတ်နှင့်စူးစမ်းလိုက်ခြင်းပင် ။

" အော် မောင်သက်ကတံခွန်နဲ့တူတူမနက်စောစောပဲကော်ဖီခြံဘက်ကိုခဏလိုက်သွားတယ် ... အလုပ်ကိစ္စပေါ်လာလို့တဲ့လေ ... မောင်ရင်လေးကိုပြောပေးပါဆိုပြီးမှာသွားလို့ ဦးလေးစောင့်နေတာ ... ဒီနေ့တူတော်မောင်လည်းမရှိတော့ ဆိုင်ကိုဦးလေးပဲကြည့်ပေးရမှာကိုး "

" ဒါဆိုလေးလေးတို့ကပြန်ရောက်တာကြာအုံးမယ်ပေါ့ "

" အေး မပြောတတ်ဘူးကွဲ့ ... ဘာဖြစ်လို့လဲ မောင်ရင်တစ်ယောက်တည်းအိမ်မှာမနေချင်လို့လား ... ဒါဆိုဆိုင်လိုက်ခဲ့လေ ... ဟိုမှာကောင်လေးတွေလည်းရှိတယ် "

" အာ ရပါတယ်ဗျ နေပါစေ ... ကျွန်တော်သက်သက်လိုက်ရူပ်သလိုဖြစ်နေအုံးမယ် "

" မဖြစ်ပါဘူးကွာ ... ဦးလေးတို့ကိုဘာမှအားနာစရာမလိုဘူး ... ကိုယ့်ဆွေမျိုးသားချင်းလို့ပဲသဘောထားပါ "

" ဟုတ်ကဲ့ "

ဦးလေးဝင်းကြည်ကိုနှစ်နှစ်ခြိုက်ခြိုက်ပြန်ပြုံးပြလိုက်ကာ ပေါ့ပေါ့ပါးပါးပဲကော်ဖီတစ်ငုံငုံ့သောက်တော့ ညီမလေးနန်းကြည်ဖြူဆီကအသံတိုးတိုးလေးထွက်လာ၏ ။

" ကိုတည်အိမ်မှာနေရတာပျင်းရင် ကြည်ဖြူနဲ့တောင်ကြီးဈေးကိုလိုက်ခဲ့ပါလားဟင် ... ဒီနေ့က ၅ ရက်တစ်ဈေးရှိတဲ့ဈေးနေ့ဆိုတော့ ဈေးသည်တွေလည်းစုံတယ် ... ဝယ်ချင်တာလေးတွေကောဝယ်လို့ရတာပေါ့ ... နောက်ပြီး အဲ့မှာဘာတွေစားကောင်းလဲဆိုတာကြည်ဖြူသေချာသိတယ်နော် ဘယ်လိုလဲ ... ကိုတည်စိတ်ဝင်စားလား "

ဝေး ( ongoing ) ေဝး❗Temporarily suspended❗Where stories live. Discover now