"ပျိုးငယ်ရယ်... အခုတစ်ခါက တကယ့်ပွဲကြီးမလို့... ပျိုးငယ်လေးကို လာခေါ်တာပါ...။ စိတ်ချ... ဟိုရောက်ရင် ပျိုးငယ်လေးကို ဖူးဖူးမှုတ်မထားရင် ကြိုက်သလိုပြော...။ လိုက်သာလိုက်ခဲ့စမ်းပါ... အစ်မ အာမခံပါတယ်....။"
"မဟုတ်သေးပါဘူး... အစ်မရယ်..."
ကျွန်တော်က ငြီးငြူပြီး ပြောလိုက်မိတော့ မကြာမီပင် အနားကိုရောက်လာသည့် အရီးလေးက....
"အငယ်လေး... မယ်မွန်... ဘာကိစ္စတွေ ရှိကြလို့လဲ?"
ထိုအချိန်မှာတော့ မမွန်ကတော့ ကျွန်တော့်ကို တချက်ကြည့်ပြီးသည်နှင့် အရီးလေးကို တစ်ချက်ကြည့်လိုက်ပြီး...
"သြော်... ဒီမှာ... ကိုစည်သူကို သိတယ်မလား? ဟိုဘက်ရွာကလေ..."
"အေး... သိတယ်လေ...။ သူ့သားတောင် အိမ်ထောင်ကျသွားပြီးဆိုလား?"
"ဟုတ်တယ် အရီးလေးရေ... မနက်ဖြန် ကန်တော့အုပ်တင်မလို့... အဲ့ဒါပျိုးငယ်လေးကို လာဖိတ်တာကို...။ ပျိုးငယ်က အင်တင်တင် လုပ်နေလို့...။"
ထိုအချိန်မှာတော့ အရီးလေးလည်း ကျွန်တော့်လို အစ်ကို့ကို တစ်ချက်ရှာဖွေလိုက်ပြီး....
"မယ်မွန်ရေ... နင် ခေါ်သွားတာကတော့ ဟုတ်ပြီ...။ ပျိုးငယ်မရှိရင်... အဆင်မပြေမယ့် သူကိုရော... ညည်း ဘယ်လိုလုပ်ပေးမှာလဲ?"
"ရှင်... ဘာကိုပြောတာလဲ? အရီးလေး...."
မယ်မွန်ကတော့ တစ်ဖက်ရွာက အမျိုးသမီးခေါင်းဆောင်ပင်။ ဒါပေမယ့် ဒီရွာစည်ကားရေးအတွက်လည်း လုပ်ပေးတာမို့ ဒီရွာမှာ ရင်းနှီးပေမယ့် အစ်ကို့အကြောင်းတော့ သိရှိပုံမရသေးပါ....။
အစ်ကို့ အကြောင်း သိသည့်လူဆိုရင်လည်း ကျွန်တော့်ကို အခုလို လာဖိတ်မှာမဟုတ်ပါ...။
"ဟိုဟာက သူ့ယောကျ်ားလေး... အငယ်လေးကို ဓားထောက်ပြီး ယူထားတာ။ သူ့အနားကနေ ပျောက်သွားလို့တောင် မရဘူး...။ အငယ်လေးပေါ်မှာ ထိခိုက်မယ့် ဒဏ်ရာကအစ.... သူ့နယ်မြေလို့ သတ်မှတ်ထားတာ...။ ကျူးကျော်မယ်လို့ ရည်မှန်းထားတဲ့သူတွေ ရှိရင်တောင်... စက္ကောမ ယန္တရားထက်ဆိုးတယ်.... ပြတ်ပြီးသားပဲ..."
အပိုင်း (၉)
Începe de la început