"အာ...အမေကဘာမှမသိပဲပြောပြန်ပြီ
အဲ့အဖိုးကြီးလူပါးလာဝနေတာ...""ဟုတ်တယ်...ငါ့သမီးပြောတာမှန်တယ်
ဒီလူ့ကို..ဟိုတစ်နေ့ထဲကငါပြောချင်နေတာ
အခုငါ့သမီးကပြောလိုက်တော့ ဟုတ်သွားပြီ"ဒေါ်လှကြွယ်ကသူ့သမီးကိုဝင်ဟန့်ချိန် သူကြီးက
ဝင်၍ဖာထေးပြောဆိုသည်။
ဒေါ်လှကြွယ်သားအဖနှစ်ယောက်ကိုမျက်စောင်း
ထိုးကာ အိမ်ဘက်ပြန်လှည့်သွားသည်။
ငယ်ထွေးကလက်ဖွဲ့စာရင်းစာအုပ်ကို သတို့သား
နဲ့သတို့သမီးလက်ထဲအပ်လိုက်သည်။"ကျွန်မလဲဆေးရုံကိုပြန်ဦးမယ်သူကြီး"
"ဟုတ်ကဲ့ဆရာမလေး...ခဏ...ကျုပ်အထွေးကို
လိုက်ပို့ခိုင်းလိုက်မယ်...အထွေး...ဆရာမလေးကို
ဆေးရုံပြန်ပို့ပေးလိုက်ဦး...""ဟုတ်ကဲ့..."
အထွေးကအဝတ်အစားလဲပြီးအိမ်ထဲကထွက်လာကာ ကိုတာတီးဆီစက်ဘီးသွားငှားသည်။
အထွေးစက်ဘီးငှားပြီးပြန်ရောက်လာတော့
မြလေးငုံက"အစ်မကိုအထွေးလိုက်ပို့မှာဆိုတော့ မြလေးလဲ
ပြန်တော့မယ် ""အင်းမြလေး...သြော်..ဒီညလာမအိပ်နဲ့တော့လေ
မနက်ဖြန်ခရီးသွားရမှာဆိုတော့ အစ်မသူနာပြု
ဆရာမလေးကိုပဲအဖော်ခေါ်အိပ်လိုက်တော့မယ်
နော်မြလေး...ကျောင်းမှာလဲအဆင်ပြေပါစေလို့
အစ်မဆုတောင်းပေးတယ်နော်""ဟုတ်ကဲ့အစ်မ.."
စကားဖြူနှင့်မြလေးငုံစကားပြောနေသည်ကို
ငယ်ထွေးကစက်ဘီးပေါ်ခွလျက်သားနှင့်
ခြေထောက်တစ်ဖက်ထောက်၍ ရပ်နေရာမှ
နားစွင့်နေသည်။
သူအခုထိ မြလေးငုံကိုမခေါ်သေးဘူးလေ။စကားပြောပြီးနှုတ်ဆက်ကာ စကားဖြူက
စက်ဘီးကယ်ရီယာခုံပေါ်တင်ပလွှဲထိုင်လိုက်ကာ
ငယ်ထွေးရဲ့ခါးကိုညာလက်ဖြင့်ဖက်ထားလိုက်
သည်။
မြလေးငုံကသူမတို့နှစ်ယောက်ကိုကြည့်၍ လက်ပြနှုတ်ဆက်လိုက်သည်။ငယ်ထွေးဘားတန်းဘီးဟောင်းလေးကိုနင်းကာ
ခြံဝိုင်းထဲကထွက်လာခဲ့တော့သည်။လမ်း၌....
"ထွေးကဒီစက်ဘီးကြီးကိုကောင်းကောင်းနင်း
တတ်သားပဲ"
आप पढ़ रहे हैं
ပုဝါပါးလေး စွန်းမှာဆိုး
काल्पनिकဤဇာတ်လမ်းတွင် ပါဝင်သည့် နေရာဒေသ များမှာ စာရေးသူ ပုံဖော်ဖန်တီးထားခြင်း သက်သက်သာ ဖြစ်ပါသည်။
ပုဝါပါးလေးစွန်းမှာဆိုး(၁၂)
शुरू से प्रारंभ करें: