ဟင်း!
အဲ့တာဆိုလည်းပြီးရော အခုခွေးသွားခေါ်မှာမလား သွားခေါ်တော့ ငါလည်းသားမနိုးခင်​လေးလုပ်စရာရှိတာလုပ်လိုက်ဦးမယ်..
" မင်းပဲသားကိုလက်ဆောင်ပေးနိုင်တယ် ငါကအိမ်မှာပဲနေပြီးဝင်ငွေမရှိတော့ သားကိုဘာမှမပေးနိုင်ဘူး စိတ်ထဲတော့မကောင်းဘူး"

"ဘာလို့လျှောက်တွေးပြီးပြောနေတာလည်းခင်ဗျားရယ် ကျွန်တော်ပေးတာခင်ဗျားပေးတာပဲလေ ကျွန်တော်ပိုက်ဆံကခင်ဗျားပိုက်ဆံပဲ ခင်ဗျားလိုချင်ရင်ကြိုက်သလောက်ယူ သားအတွက်ခင်ဗျားကြိုက်တာလုပ်ပေးလို့ရတယ်"

"တကယ်လို့ခင်ဗျားပိုက်ဆံယူမသုံးချင်ဘူးဆိုလို့ရှိရင်လဲ ခင်ဗျားသားကိုပေးနိုင်တာတစ်ခုရှိပါသေးတယ်"

"ဘာများလဲ"
ရှောင်းကျန့်ကရိပေါ်ကို မျှော်လင့်ခြင်းမျက်ဝန်းတွေနဲ့ကြည့်ကာမေးလေသည်။

"သားအတွက် အဖော်ရအောင်နောက်တစ်ယောက်ထပ်မွေးပေးလိုက်ပေါ့ အဲ့ဒီအတွက်အကူအညီလိုရင်ကျွန်တော်ရက်ရက်​ရော​ရောအကူအညီပေးပါမယ်ဗျ"

ဘာ..ရိပေါ် မင်း!! မင်း!!
မင်းသွားလိုက်တော့ ရိပေါ် !!

ဟားးဟားးဟားး
သွားမှာပါဗျာ ကျွန်တော့်အမျိုးသားလေးရှက်နေတဲ့ပုံကချစ်စရာလေးဗျာ မရ​တော့ဘူးကျွန်​တော် အသဲကယားလာပြီ..
ပြောပြောဆိုဆိုနဲ့ရိပေါ်ကအလျှင်အမြန် ရှောင်းကျန့်ရဲ့ပါးတစ်ဖက်ကို ရွှတ်ကကနဲမြည်အောင်နမ်းပြီး အ​ပြင်ထွက်သွားလေသည်။

ကျန်နေခဲ့တဲ့ရှောင်းကျန့်မှာတော့ ရိပေါ်နမ်းသွားတဲ့ပါးတစ်ဖက်ကိုကိုင်ကာ ရှက်စိတ်လား ပီတိဖြစ်စိတ်လားသေချာမသိပင်မဲ့ ပါးလေးတွေကော နားလေးတွေပါနီ​ပြီးကျန်ခဲ့လေတော့သည်။
အရှက်မရှိတဲ့ ဝမ်ကျန့်ဒယ်ဒီ..

............................

"ပါပါး"

"အယ် ပါပါးရဲ့အသဲနှလုံးမွေးနေ့ရှင်လေးနိုးလာပြီလားခင်ဗျ"
ရှောင်းကျန့်ပြောရင်း အိပ်မှုန်စုံဖွားနဲ့သားကိုပွေ့ချီလိုက်ကာ သားရဲ့ပါးဖောင်းလေးနှစ်ဖက်ကို နှစ်နေအောင်မွေးကြူလေတော့ သားကသ​ဘောကျကာ တခစ်ခစ်နဲ့ရီလေသည်။

A chance to change the past (Complete)Where stories live. Discover now