ရုတ်တရက် ဒူးထောက်မတတ်ထိုင်လိုက်သည့် ရှိုင်းက အောက်နားစိုနေသည့် ကျွန်တော့် ဘောင်းဘီ၏ အနားစများကို အထက်သို့ ပင့်ခေါက်ပေးနေသောကြောင့် ကျွန်တော့်အသိစိတ်၏ တုံ့ပြန်မှုအရ ကျွန်တော်ကိုယ်တိုင် ခေါက်တင်ရန် အောက်သို့ ထိုင်လိုက်မိလေခြင်း။
" ရှိုင်း ဖယ် ကိုယ့်ဘာသာလုပ်မယ် "
ခပ်သွက်သွက်ပင် ကျန်ဘောင်းဘီအနားတစ်ဖက်ကို ခေါက်တင်လိုက်ပြီး မျက်လုံးလှန်ကြည့်မိတော့ မိမိအားခုန်အုပ်တော့မည့် ကျားပေါက်သဖွယ် အကြည့်တွေ ဖြန့်ကျက်ထားသူက ခုနလေးတင် မိမိအားစိတ်ပူပေးနေသည့်သူ ။
သူ ဘာကိုစိတ်တိုင်းမကျဖြစ်သွားသည်တော့မသိ။
ကြောက်ချင်ယောင်ဆောင်ကာ ဇာက်ကလေး ပုဝင်ပြလိုက်ပြီး မျက်နှာငယ်လေးနဲ့ ကြည့်ပြလိုက်တော့ ရယ်စစနဲ့ ပြောလာသည့်စကားက
" Nik မင်းက ကလေးပေါက်စအတိုင်းဘဲကွာ "
" ဘာလဲ ချစ်စရာကောင်းလို့လား"
နှစ်ယောက်လုံးပြိုင်တူထရပ်လိုက်ကာ
" မဟုတ်ဘူး သူငယ်နာမစင်သေးတဲ့ ရုပ်မို့လို့ "
စကားလုံးများပင် မဆုံးသေး ခြေလှမ်းများက ခပ်ကွာကွာသို့ပင် ပြေးနှင့်လေပြီ။
" ရှိုင်းသော်တာ တော်တော်စလို့ ကောင်းနေတယ်ပေါ့ မင်းတော့ ငါ့လက်က မလွတ်ဘူးမှတ်"
တုံ့ဆိုင်းနေခြင်းမရှိပါဘဲ ပြေးသွားသည့်လူနောက်သို့ ခပ်သွက်သွက်ပင် ပြေးလိုက်ရတော့၏။
သာမန် မိုးရွာသည့်နေ့မည်သော်လည်း ကျွန်တော့်အတွက်တော့ အမှတ်တရ ပန်းချီကားတစ်ချပ်နယ် ရင်ခွင်တစ်နေရာတွင် ချိတ်ဆွဲအလှကြည့်နေမည့် နေ့လေးတစ်နေ့ပေါ့ ။
_________________
မှောင်မဲခြင်း အတိနှင့် အလုံပိတ်အခန်းကြီးက တက်ခနဲ Lighter ဖုံးပွင့်သွားသည့်အသံနှင့်အတူ
အပြာရောင် မီးလျှံလေးကလည်း အတားအဆီးမဲ့စွာ တိုးထွက်လာပြီး ယိမ်းထိုးနေခြင်းမရှိ တည်တံ့စွာပင် ရောင်ခြည်ဖြာနေလျက်။အပြာရောင် မီးလျှံလေးထက်သို့ ထိုးညှိလာသည့် cigarette က စက္ကန့်ပိုင်းနှင့်ပင် အခိုးတလူလူထွက်လာလေပြီ။
YOU ARE READING
နားခိုရာမှားတဲ့ လိပ်ပြာငယ်
Paranormalစာရေးသူ၏စိတ်ကူးသက်သက် ဖန်တီးထားတာဖြစ်လို့ အပြင်လောကနှင့် အချိုးမကျနိုင်ပါ
🦋①④...Ⓩⓐⓦⓖⓨⓘ
Start from the beginning