စွဲလမ်းသော အချစ် ( အပိုင်း၁)

Start from the beginning
                                    

"ကောင်းတာပေါ့.. မင်းအဖော်ရတာပေါ့ကွ..ဒါနဲ့ အသက်ဘယ်လောက်လဲ ကောင်လေးက "

" ပါးပြောတာတော့ ၁၉နှစ်ပဲရှိသေးတယ်တဲ့"

"ဟ..ဝမ်ရိပေါ်တယောက် ညီတယောက်ရတော့မယ်..ကွ " ဟောက်ရွှမ်းစကားအဆုံး ရိပေါ်ရဲ့အကြည်စူးစူးကြီးက သူ့ဆီတန်းရောက်လာပါရော...

" ငါသဘောမတူတာလဲအဲ့တာတွေပဲ...ရှုပ်ရှုပ်ရှက်ရှက်တွေ...  အမေရော..သားရော..ပိုင်လုံးနေမှာပေါ့.. "
မကျေမနပ်ပြောနေတဲ့ Wang Yiboတယောက်ကြောင့်... မနေနိုင်တော့တဲ့ ဟိုက်ခွမ်းက.

" အဲ့လို့မဟုတ်သေးဘူးလေ ရိပေါ်ရယ်
မင်းတဖက်ကောင်လေးကို မြင်ဖူးပြီးပြီးလား "

ဟိုက်ခွမ်းဆိုတာ...ဝမ်ရိပေါ်ရဲ့အကိုဝမ်းကွဲ..
ဒီအဖွဲ့ထဲမှာ သူ့အကြီးဆုံး..သူအတည်ငြိမ်ဆုံးပဲ...

" မြင်ဖူးစရာမလိုဘူး...သူ့အမေကိုကြည့်လိုက်တာနဲ့ သူ့သားလဲ ဒီအတိုင်းပဲလာမှာ... ပါးချမ်းသာလို့ကပ်တာနေမှာပေါ့ "

ဝမ်ရိပေါ်တကယ်လဲ မကျေနပ်ပါ။
ပါးကဒီအသက်အရွယ်ကြီးရောက်မှ အိမ်ထောင်ထပ်ပြုဖို့ သူကိုခွင့်တောင်းလာခဲ့တယ်။
အဲ့တာကလဲ သူ့ companyက လက်ထောက်တယောက်။ပြီးတော့ အဲ့အမျိိူးသမီးဆီမှာ Yiboထပ်ငယ်တဲ့ သားတယောက်ပါ ရှိသေးတယ်။ ဘယ်လို့တွေငြိသွားမှန်းမသိပေမယ့် ချမ်းသာလို့ကပ်တာလဲဖစ်နိုင်တာပဲလေ..

" စောင့်ကြည့်ပါအုံး ရိပေါ်ရယ် .. ငါကြားဖူးတာတော့ ဒေါ်ရှောင်းယွမ်ရဲ့သားက အရမ်းလိမ်မာတယ်လို့ကြားဖူးတယ်..သူ့အမေကိုအရမ်းချစ်တယ်တဲ့ "  စပ်စပ်စုစု ကျင်းလင်က ဝင်ပြောလိုက်တယ်။

Wangyibo pov:
(ဘာချစ်တာလဲ..ချစ်ရင်နောက်လင်ယူမယ့်အမေဖြစ်သူကို တားပါလား... အပိုတွေ..သားမိနှစ်ယောက်လုံးအကြံတွေနဲ့... ဟက် ငါ့အိမ်ပေါ်ရောက်လာရင်တော့ ငါ့အကြောင်းသိစေရမယ် ကောင်လေးရေ)

သူငယ်ချင်းဖြစ်သူ WangYiboရဲ့ ကြောက်စရာကောင်းတဲ့ အပြုံးကြီးကိုမြင်ပြီး... မကြာခင် မှာ ရိပေါ်ကို အကိုတော်ရမယ့် ကောင်လေးအတွက် အမွှေးတိုင်ကြိုထွန်းပေးလိုက်တယ်...

အမျှပါကောင်လေးရေ...သူ့တို့သူငယ်ချင်းအကြောင်းကောင်းကောင်းသိလို့.. တဖက်က ကောင်လေးကို ကြိုတင်သနားလာကြတယ်။

Obsessive Love Where stories live. Discover now