“ဟာရူတို!”
“ဘာကို အလိုမကျဖြစ်နေပြန်တာလဲ”
“ငါ့ကို စိတ်မပျက်ပါနဲ့နော်”
“ဘာကို!”
ဝှီးချဲကို ကိုင်ထားတဲ့ ဟာရူတို၏ လက်တစ်ဖက်ကို ခပ်ဖွဖွထိလိုက်တော့ ရွေ့လျားနေတဲ့ ဝှီးချဲက ရပ်တန့်သွားပါ၏။ဂျွန်ကယူ ဝမ်းနည်းစိတ်ကြောင့် မျက်ရည်တွေဟာ ထိန်းထားရက်နဲ့ ကျဆင်းလာပါပြီ။
“ဘာဖြစ်ပြန်တာလဲ ကင်မ်ဂျွန်ကယူ”
“အခုလိုဖြစ်နေတာ ငါ့ကို စိတ်မပျက်ပါနဲ့”
“ကင်မ်ဂျွန်ကယူ!”
“ငါ့ကို မုန်းနေတုန်းလားဟင်။ငါ့ကို ဘာဖြစ်လို့ မုန်းနေတာလဲ ဟာရူတို”
ဘာကြောင့် မုန်းနေသလဲဆိုတဲ့ အမေးကို ဂျွန်ကယူ မမေးသင့်ပေမယ့် မေးလိုက်မိတယ်။ဂျွန်ကယူကိုက တုံးအလွန်းနေတာ။ဟာရူတိုနဲ့ တွေ့ရင် ကင်မ်ဂျွန်ကယူက အလိုလို ဒူးထောက်ပြီးသားကို။
“ခင်ဗျားကရော ဘာလို့ ကျုပ်ကို မုန်းနေရတာလဲ ကင်မ်ဂျွန်ကယူ”
“ငါ မင်းကို ဘယ်တုန်းကမှ မမုန်းခဲ့ဖူးဘူး။ဒီအတိုင်း မခံချင်စိတ်ကြောင့် မုန်းတယ်လို့ ပြောခဲ့ရုံတင်”
“အခုမှ ဒီစကားကိုပြောတာ အကျုံးဝင်မယ်လို့ ထင်နေတာလား။ကျုပ်ကိုယ်တိုင်လည်း ဒီဘဝကို တစ်ယောက်တည်း ဖြတ်သန်းလာရတာ”
ဂျွန်ကယူရဲ့ ဒူးခေါင်းတစ်ဖက်ကို ထိကာ ပြောလိုက်ရင်း ကိုယ်ကို ကိုင်းညွှတ်လိုက်သူက ဟာရူတို။ကင်မ်ဂျွန်ကယူဆိုတာ ပျောက်ကွယ်သွားရင် ကောင်းမယ်ထင်တယ်။
“ငါ ... အဲ့တုန်းက မှားသွားတယ်။ငါ ဘာမှ မစဉ်းစားမိပဲ မင်းကို နာကျင်အောင် လုပ်လိုက်မိတယ်”
“အကြောင်းပြချက်က ဘာလဲ”
“ငါမသိဘူး!”
“မသိလို့ ရမလား ကင်မ်ဂျွန်ကယူ။ခင်ဗျား ကိုယ်တိုင်ကိုက ကာယကံရှင်လေ။ကာယကံရှင် မသိတဲ့ အရာကို ကျုပ်ကရော သိနိုင်မယ်ထင်သလား။ခင်ဗျားသာ မသိရင် ကျုပ်ကိုယ်တိုင်လည်း ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး ကင်မ်ဂျွန်ကယူ။သိတဲ့အတိုင်း ကျုပ်က ခင်ဗျားကို အရမ်းမုန်းနေတာလေ။”
Part -15|U+Z
Start from the beginning