04

383 41 15
                                    

ဂယူတို့ အတူ ပျော်စရာရှိတာပျော်, ချစ်စရာရှိတာချစ်, လုပ်စရာရှိတာတွေ လုပ်ရင်းနှင့်ပင် စာသင်နှစ်တစ်နှစ် ကုန်ဆုံးပြန်လေသည်။ ဒီနှစ်ကုန်သည် ကိုကို ဂျီအွန်း ဟျောင်း နှင့် ထယ်ရယ်ဟျောင်း တို့ ဘွဲ့ယူကြမည့်နှစ်ပင်။ ဂျီအွန်းဟျောင်း သည် ကွန်ပျူတာသိပ္ပံ မေဂျာ ကဖြစ်၍ ကွန်ပျူတာ သိပ္ပံ သည်  စာသင်နှစ် ၅နှစ် တက်ရသည်ဖြစ်၍ ၄နှစ် သမားကိုကို တို့နှင့်အတူ ဘွဲ့ရခြင်းဖြစ်သည်။ ဂယူနှင့်ရစ်ခီကတော့ final ကျောင်းသား‌တွေ အဖြစ် ကျန်ခဲ့ရဦးမည်။

"ဘာဆက်လုပ်ဖို့စိတ်ကူးထားကြလဲ? ကျွန်တော်တော့ အိမ်ပြန်ပြီး မိဘကူရင်း ဘာဆက်လုပ်ရမလဲစဉ်းစားဦးမယ်"

ထယ်ရယ်က terra(ဟန်းဂု ဘီယာတစ်မျိုး) သံဗူးကို လက်တစ်ဖက်ဖြင့်ဖောက်ရင်း မေးလာလေသည်။ စာမေးပွဲပြီး သောအထိန်းအမှတ်နှင့် ဟန်ဘင်းတို့တစ်ဖွဲ့လုံး ထိုင်နေကျစားသောက်ဆိုင်တွင် လူစုနေကြခြင်းဖြစ်သည်။

"ကလေးလေးနားမှာပဲ ကပ်နေချင်တာ။ "

ပြုံးဖြီးဖြီးပြောလာသော ဂျီအွန်းကြောင့် သူ့ဘေးတွင်ထိုင်နေသော ရစ်ခီက မျက်စောင်းပစ်ထိုးလေသည်။ ဂျီအွန်းဟျောင်း အနေအထားနှင့်ဆိုလျှင် သူပြောသလို ဘာမှမလုပ်ပဲ ရည်းစားနားကပ်နေလည်း ပြဿနာမရှိ။ လုပ်ငန်းစုကြီး၏ တစ်ဦးတည်း
အမွေဆက်ခံသူ ဖြစ်သောကြောင့် နောက်ခံတောင့်သည်လေ။
သို့ပေသည့် ဂျီအွန်းဟျောင်း သည် မိသားစု ၏ လွှမ်းမိုးမှုကိုမနှစ်မြို့သူဖြစ်လေသည်။ ရိုးရိုးရှင်းရှင်း ပျော်ရွှင်ရသည့် သာမန်ဘဝကို တောင့်တကြောင်း အခါခါပြောဖူး သောကြောင့် ဟန်ဘင်းတို့ နားထဲစွဲနေပြီဖြစ်သည်။

"ကျွန်တော် အလုပ်လျှောက်ထားတယ်။ ကျောင်းမှာပဲ အလုပ်သင် tutor ပြန်လုပ်ဖြစ်မယ်ထင်တယ်"

ဘေးတွင်ထိုင်နေသော ဂယူ့ကို ကြည့်တော့ ဂယူ ကကျေနပ်စွာပြုံးပြလေသည်။ စာမေးပွဲ မဖြေခင်ကပင် ဂယူနှင့်တိုင်ပင်ထားခဲ့သော အကြောင်းအရာဖြစ်သောကြောင့် အံ့ဘြမနေ။

"ကျောင်းနဲ့မခွဲနိုင်တာလား? ဂယူ့နဲ့မခွဲနိုင်တာလား?"

ထယ်ရယ် ကဟန်ဘင်းကို ထဖောက်လေသည်။ သူပြောလည်းပြောချင်စရာ ဟန်ဘင်း ကျောင်းမှာပဲအလုပ်ပြန်လုပ်ဖို့ဖြစ်လာသည့်အကြောင်းအရင်း များထဲတွင် ဂယူက 75% ပါဝင်သည်လေ။ ဟန်ဘင်း ဂယူနှင့်အရင်လို အချိန်တိုင်းနီးပါးမတွေ့ရလျင်တောင် ရသည့်အချိန်လေး တွင်ဂယူ့မျက်နှာ ပြေးကြည့်ချင်မိ သည်။ ဂယူနဲ့သူ အချိန်တစ်နှစ်ကျော် အတူဖြတ်သန်း ပြီးသည့်အချိန်ထိလည်း ဟန်ဘင်း ဂယူ့ ကို ပွေ့ဖက်ထားချင်မိတုန်း လက်ကလေး ကိုင်ထားချင်တုန်း ဂယူ့အနားမှာအမြဲရှိနေချင်တုန်းပင်ဖြစ်သည်။ ဂယူ၏ တီတီတာတာ စကားလေးများ နှင့် ဝေးကွာနေလျှင် ဟန်ဘင်း အလုပ်ကောင်းကောင်း လုပ်နိုင်ဖို့ ယုံကြည်ချက်ရှိ‌နေမည်မဟုတ်။

10 MonthsWhere stories live. Discover now