🌺Part 3 🌺

223 4 4
                                    

🌺 အတ္တနှင့်ချည်သောချစ်နှောင်ကြိုး 🌺
-----------------------------------------------------

                     🌺 Part - 3 🌺

'' အား.....ကျွတ်.....ကျွတ် ''

မနက်ခင်းအိပ်ယာနိုးလာသည်နှင့်
ခယောင်းခန္ဓာကိုယ်ဆီကနာကျင်မှုကို
ခံစားလိုက်ရလေသည်
သူမအား တညလုံးယုတ်မာထားပြီး
ကုလားသေ ကုလားမောအိပ်နေသောလူကိုကြည့်ပြီး
ခယောင်းသတ်ပစ်ချင်သည်အထိ
မုန်းလိုက်တာ
အလိုမတူပါပဲအစော်ကားခံရတာ
ခယောင်းသူပြောသလိုနေခဲ့ပြီးပြီပဲ
ခယောင်းကိုလွှတ်ပေးမယ်ပြောထားပြီး
အခုကျတော့ဂတိမတည်သောသူ့ကို
ခယောင်းအသဲထဲကပါနာလေသည်

ခယောင်းစောင်ကိုဖယ်လိုက်ပြီး
ကုတင်ပေါ်ကဆင်းလိုက်တော့
ချက်ချင်းမထနိုင်ပဲ
ကုတင်ပေါ်ပြန်ထိုင်ကျမိသည်အထိ
တောက်စ်!......တွေးမိတိုင်းဒေါသထွက်ရသည်
နာကျင်ရလေသည်

'' ဝေါ!......ဝေါ!.......ဝေါ!.....''

ရေချိုးခန်းကရေပန်းကိုဖွင့်ချလိုက်တော့
အေးစက်တဲ့ရေတွေက
ခယောင်းကိုယ်ပေါ်ကျလာလေသည်
ရေကအေးစက်သလောက်
ခယောင်းရင်ထဲမှာ
နာကျင်မှုတွေ
ပူလောင်မှုတွေနဲ့လောင်မြိုက်နေလေသည်

အဟင့်.....ဟင့်.....ဟင့်
ခယောင်းကိုယ့်ဘဝကိုယ်နာကျင်လွန်းလို့
မျက်ရည်ကျမိသည်အထိ
ဘာလို့လဲ
ခယောင်းဘာတွေများမှားခဲ့လို့လဲ
ခယောင်းကြောင့်သူတစ်ဖက်သားစိတ်ဆင်းရဲအောင်မလုပ်ခဲ့ဖူးပါဘူး
သူ​ပြောတဲ့ သူချစ်တဲ့မိန်းကလေးဆိုတာကိုလဲ
ခယောင်းမသိဘူး
အဲမိန်းကလေးကိုလဲနာကျင်ပါစေဆိုတဲ့စိတ်မထားခဲ့ဖူးဘူး
ဒါကို ဘာလို့ခ​ယောင်းက.....
တောက်စ်!......
ခယောင်းတွေးတိုင်းစိတ်နာရသည်
မုန်းတယ် အကုန်လုံးကိုမုန်းတယ်
ခ​ယောင်းဘဝကိုချယ်လှယ်ချင်သလိုချယ်လှယ်ခဲ့တဲ့ရှင့်ကိုလဲမုန်းတယ် ဦးအမှောင်ခွင်း

'' ဒေါက်!......ဒေါက်!......ဒေါက်! ''

''မင်းမပြီးတော့ဘူးလား
ရေချိုးရင်းအသက်ထွက်သွားပြီလား ''

ခယောင်းရေပန်းအောက်မှာဘယ်လောက်ကြာကြာစိမ်နေမိသည်မသိ
အပြင်ကနေတံခါးခေါက်ကာ
ညှင်သာမှုမရှိတဲ့လေသံကိုကြားမှသတိဝင်လာသည်
မိုးလင်းတာနဲ့
ဒီလူရဲ့အသံကြားရတာသိပ်အဆင်မပြေလှ
ငှက်ဆိုးထိုးသံတောင်
ဒီထက်ပိုပြီးချိုသာဦးမည်ထင်သည်

🌺 အတ္တနှင့်ချည်သောချစ်နှောင်ကြိုး 🌺Where stories live. Discover now