"ဟာ.....ကလေးလေး....မင်းဘယ်လိုလုပ်လိုက်တာလဲ။ပြစမ်း... ကိုယ့်ကိုလက်ပြစမ်းကလေး။ခိုက်မိသွားတာမလား။ပြဿနာပဲကွာ။ကိုယ့်ကလေးရဲ့လက်ကလေး အရမ်းနာသွား......"

သူမရဲ့စကားတွေဆက်တိုက်ပြောနေတဲ့နှုတ်ခမ်းကိုကျွန်မပိတ်နမ်းပစ်လိုက်တယ်။သူမကရုတ်တရက်မို့ကြောင်သွားပေမယ့် ချက်ချင်းပဲကျွန်မရဲ့အနမ်းတွေကိုတုံ့ပြန်လာခဲ့တယ်လေ။ခဏကြာတော့ အနမ်းတွေကိုရပ်တန့်ရင်း သူမက‌စိုးရိမ်တကြီးပြောလာပြန်တယ်။

"လက်ပြစမ်းပါ ကလေးရယ်။ဘယ်လောက်ခိုက်မိသွားလဲ ကိုယ်ကြည့်ရအောင်"

"ဘာမှမဖြစ်ပါဘူးဆို...."

"ကိုယ့်ကိုလက်ပေးစမ်းပါ"

သူမက စိတ်မြန်လက်မြန်နဲ့ လက်ကလေးကိုဆွဲယူရင်းကြည့်လာခဲ့တယ်လေ။လက်ကလေးကနံရံနဲ့ပွတ်တိုက်မိပြီး ပွန်းပဲ့ဒဏ်ရာတွေဖြစ်ကုန်တာ။ကျွန်မရဲ့သွေးတွေထွက်နေတဲ့လက်ကလေးကိုတယုတယကိုင်ထားရင်း ဆေးထည့်ပေးဖို့လုပ်နေတဲ့သူမရဲ့မျက်နှာလေးကိုငေးကြည့်နေမိတယ်။

"ကိုယ့်ကိုယ်ကို နာကျင်အောင်လုပ်ရတာဘာဖြစ်လို့လဲဆိုတာကိုယ့်ကိုပြောဦးလေကလေးရယ်"

"‌မပြောလို့ရလား Honey"

"မင်းလေးပြောပြမှ ကိုယ်ဖြေရှင်းပေးလို့ရမှာပေါ့‌ကလေး။တစ်ခုခုဖြစ်နေရင်......."

သူမရဲ့စကားကိုကျွန်မဖြတ်ပြောရင်းစကားလမ်းကြောင်းလွှဲပစ်လိုက်မိတယ်။

"ကျွန်မရဲ့အနားက ပျောက်မသွားပါနဲ့ Honey"

"ဟာကွာ...ဒီကလေးမ။မင်းကကိုယ့်မိန်းမလေ။ကိုယ်မင်းအနားကလွဲပြီးဘယ်သွားစရာရှိသေးလို့လဲ။ပျောက်သွားစရာလား ကလေးရယ်"

"ပျောက်သွားနိုင်တဲ့ နည်းလမ်းတွေက အများကြီးပဲလေ Honey။ရှင်ရဲ့......."

"တိတ်ထားတော့......မင်းရဲ့Honeyကြီးက ကျန်းမာတယ်လေ။ကိုယ်ကမင်းလေးအတွက်အမြဲတမ်းရှိနေမှာ....."

"ပြီးတော့......"

"ဒီကလေးလေးကတော့ကွာ။စကားဆက်မပြောနိုင်အောင်လုပ်ပေးမှဖြစ်တော့မယ်"

သူမရဲ့လက်ထဲမှာပန်းသီးလေးတစ်လုံးရုတ်တရက်ရောက်လာခဲ့တယ်။သူမကိုကြည့်ရင်းအံ့အားသင့်နေတဲ့ကျွန်မကိုသူမပြော‌လေရဲ့။

"မင်းလေးကိုပြောမယ်။သေချာမှတ်ထားနော်။လက်ကလေးကိုဓါးနဲ့လှီးမယ့်အစား ဒီပန်းသီးလေးကိုဓါးနဲ့လှီးပြီးကိုယ်ပြောပြဖူးတဲ့ အာဒံနဲ့ဧဝအကြောင်းစဉ်းစားနေသင့်တာ"

"ဟုတ်သား....အာဒံနဲ့‌ဧဝအကြောင်း"

"အွန်း....မင်းလေးမှတ်မိတယ်မလား"

"မှတ်မိတယ်... သူတို့‌နှစ်ယောက်ရဲ့အချစ်ထက်ပိုချစ်ပေးနိုင်တဲ့ကျွန်မရဲ့Honeyကြီးအကြောင်း ကျွန်မမှတ်မိတာပေါ့"

"တော်လိုက်တဲ့ကလေးလေး။သူတို့ရဲ့အချစ်တွေက ကိုယ်မင်း‌အပေါ်ထားတဲ့ချစ်ခြင်းကိုမမှီဘူးဆိုတာယုံကြည်တယ်မလား"

"သေချာတာပေါ့ Honey"

"ဟုတ်ပြီ။ဓါးနဲ့လှီးချင်နေတဲ့ကလေးလေးရဲ့ခံစားချက်တွေကို ဒီပန်းသီးပေါ်ပုံချလိုက်စမ်းပါ"

သူမကပန်းသီးကိုလက်ဖဝါးပေါ်တင်ထားပေးခဲ့တယ်။သူမရဲ့လက်ကိုထိခိုက်မိမှာစိုးရိမ်ကြောင်းကျွန်မပြောမိတော့ ကိုယ့်ကိုမထိခိုက်စေချင်ရင်သတိထားပြီးလှီးပါလို့သူမပြန်ပြောလာတယ်လေ။

ပြီးတော့သူမရဲ့လက်ကလေးကကျွန်မရဲ့လက်ထဲကိုဓါးထည့်ပေးလိုက်ရင်းကျွန်မရဲ့လက်ပေါ်အုပ်ကိုင်လိုက်ပြီးပန်းသီးကိုဖြည်းဖြည်းချင်းလှီးချလိုက်တယ်။ကျွန်မရဲ့စိုးရိမ်တကြီးဖြစ်နေတဲ့ပုံစံကိုကြည့်ပြီးသူမကရယ်မောနေသေးတယ်။

ပြောင်ပြနေရင်ငိုလိုက်မှာလို့ပြောလိုက်မိတဲ့ကျွန်မရဲ့နှုတ်ခမ်းလေးထဲသို့ပန်းသီးစိပ်လေးကိုခွံကျွေးရင်းဖက်ထားပေးတဲ့သူမရဲ့ရင်ခွင်ကကျွန်မအတွက်လုံခြုံနွေးထွေးလွန်းတာကြောင့်.........။

Avery Yint Han

To My Girlfriend💛Where stories live. Discover now