လီဆာခဏတွေးမိသွားတယ်၊၊ကျောင်းမှာနာမည်ကြီး၂ယောက်ဆိုလို့ ယောင်းနဲ့ဆူးပဲရှိတာလေ၊၊ဒါလည်းမဟုတ်သေးဘူး ယောင်းနဲ့ဂျိမ်းကလည်းသူငယ်ချင်းတွေလေ ၊၊ဘယ်သူများလဲ၊၊လီဆာရင်ခုန်သွားတယ်၊၊

"ယောင်းနဲ့ဂျိမ်းလား"

"ဟုတ်တယ်လေ ၊၊နင့်ကတာသေချာကြည့်နေတာ ၊၊ငါတို့က အားကျနေတာ၊၊"

"ဟဲ့ မင်ယောင် နင်ဖြေးဖြေး မြောကိငါ့ကို၊၊ငါမြောက်နေပြီ၊၊နင်ပြောတာတကယ်ဆိုရင်တော့၊၊"

"တကယ်ကြီး မယုံရင် မေးကြည့်သူတို့လည်းသိတယ်"

လီဆာ မှိုရသလိုဖြစ်သွားတယ်၊၊ပြုံးပြီး၊၊

"အဲ့တာဆိုသွားအုံးမယ် ၊၊ဂီတ အချိန်မလို့၊၊"

"အမ်း ဟုတ်ပြီ see you lily"

လီဆာလည်း ခေါင်းညိတ်ပြီး တာ့တာပြလိုက်တယ်၊၊

တကယ်ဆိုရင်တော့ ပိုပြီးပျော်မိပြီ၊၊ရင်ဘက်ကို ဖိပြီးပြုံးနေတဲ့ လီဆာတစ်ယောက်၊၊မီးစလေးကိုသွားထိလိုက်ပါပြီ၊၊အပျော်လွန်ပြီး မျက်စိထဲယောင်းပဲမြင်နေတော့

"အာ့"

"လမ်းကိုသတိထားပြီးလျှောက်စေချင်တယ်၊၊လူတစ်ယောက်လုံးတောင် မြင်ရဲ့လား၊၊"

ခပ်စွာစွာရန်တွေ့နေတာကတော့ အချေတော် soo ၊၊ပြဿနာကို မီးခွက်ထွန်းရှာမိတာပဲ၊၊

"တောင်းပန်ပါတယ် ဆူး၊၊ကျွန်မလည်း အာရုံများနေလို့ပါ၊၊ဆူးဘယ်နားထိသွားဘာလဲရှင့်၊၊"

ဆူးခဏရပ်ကြည့်ပြီး ၊၊ယဥ်ကျေးပျူငှာလွန်းတဲ့ သူ့ကို စွာဖို့တောင်အားမရှိတော့ဘူး၊၊မျက်နှာလေးကြည့်ရတာတော့ သဘောကောင်းမယ့်ပုံပါပဲ၊၊သူ့အရပ်မှ အားမနာ တိုက်မိတာတော့လွန်တာပေါ့၊၊

"ရတယ် ရတယ်၊၊နောက်ခါလမ်းကိုကြည့်လျှောက်ပေါ့ ၊၊ အရပ်ကို အားနာအုံး၊၊"

"ဟုတ်ကဲ့ ၊၊ကျမနာမည် လီဆာပါဆူး"

"ဘယ်သူမေးလို့လဲ၊၊"

"သိထားသင့်တယ်ထင်လို့လေ"

"ဟမ် ဘာကိုလဲ"

"ကျမက ဆူးနဲ့သူငယ်ချင်းဖွဲ့ချင်မိလို့ပါ၊၊ဆူးကို လူတိုင်းကချေတယ်ပြောပေမယ့် ကျမတော့မထင်မိဘူး ဆူးရဲ့စိတ်နေစိတ်ထားက မျက်နှာမှာပေါ်တယ်လေ၊၊"

Queens 's Love storyWhere stories live. Discover now