မေ ပုံစံက နုဖတ်ဖတ် နဲ့ လှလှပပလေး
မိန်းကလေးဆန်ဆန် လေး ဖြစ်သော်လဲ
အဓိက မေ စိတ်ထား အနေအထိုင့်က
လူပုံစံ နဲ့ မလိုက် နုဖတ်မနေတာ ဖြစ်သည်။

သူနဲ့ စဆုံတည်း က သူမ ကိုယ့်သူမ
ငါ လို့ပဲ သုံးတတ်ပြီး တစ်ခြားနာမ်စား
နဲ့ ပြောင်း မသုံးတတ်ပေ။

ချစ်သူ ဖြစ်တေ့ာလဲ အံဥဿထူး က
မေ လို့ ခေါ်ပေမဲ့ မေ ကတေ့ာ ငါ ပဲ
သုံး၏။

သို့ပေမဲ့ .အဲ့ဒါ သူ့တစ်ယောက်တည်း
အပေါ်မှာမို့ ငါ ဆိုတဲ့ မေရဲ့အသုံးနှုန်း
လေး ကိုပဲ သူ့ချစ်ခဲ့ရတာ ဖြစ်၏။

တစ်ခြားသူ့တွေ အတွက် ရိုင်းတယ်လို့
ထင့်ရသော်လဲ အံဥဿထူး အတွက်တေ့ာ နား၀င်ချိုသည်။
နားထောင့်ကောင်းသည်။

   "မေ မောင်ကို ဘာလို့ချစ်တာလဲ ..."

သူ့ မျက်နှာကို မျက်တောင်တဖျတ်ဖျတ်
ခတ်၍ သေချာကြည့်လာပြီး
လက်တစ်ဖက်မြှောက်တက်လာကာ
သူပါးပြင် ကို ပွတ်သပ်လာ၏။

   "မသိဘူး ..မောင် မို့လို့ .မောင် ဖြစ်နေတာမို့လို့ . မောင် ဟာ ငါချစ်သူ ငါချစ်ရမဲ့သူ ဖြစ်ကိုးဖြစ်ရမယ် မို့လို့ထင့်တယ်.."

" မောင် နဲ့ အတူ ရှိနေရတာ ငါပျော်တယ်..မောင် ဟာ ငါဘ၀ရဲ့ ပထမဆုံး
အချစ်ဦး ပြီးတေ့ာ ဘယ်တေ့ာမှ ထပ်ပီး
မရှိလာတေ့ာမဲ့ အချစ်ဆုံး ..ဒီနှလုံးသားထဲက လှိုက်ပြီးတဒိတ်ဒိတ်ခုန်တဲ့အထိ
ချစ်ရတဲ့ လူသားလေး ..."

အနေအေးတဲ့ခပ်ရိုးရိုးကောင်မလေး ဆိုပေမဲ့ စာအုပ်တွေဖတ်များတဲ့ မေ ဟာ
စကားကြွယ်သည်။

သူ့ ကို ပျားတကာ လို့ ချိုမြသွားအောင်
ပြောတတ်တဲ့ မေ ရဲ့ နှုတ်ခမ်းလုံးလုံးက
စကားတွေ ဟာ သူ့နှလုံးအသဲဘ၀င့်အထိ ပီတီဂွမ်းဆီ ထိစေသည်။

   "ပြွတ်.."

"အဲ့မောင် ..ဘာလုပ်တာလဲ.."

အသဲယားစွာ မေနှုတ်ခမ်း ဖိနမ်းတေ့ာ
နှုတ်ခမ်းလေးစူ ကာ ပြောလာတာမို့ .."

  "အသဲယားလို့ ..ဘာလဲ မေ က မောင် ကိုရွံတာလား .."

" ဟင်အင်း ..မရွံပါဘူး .."

"မရွံဘူးဆို ဆက်နမ်းမယ်.."

"အယ့် ..မောင် .."

 မောင်သည် သာ မေအရာရာWhere stories live. Discover now