"မောင် မိန်းမ အာပုတ်ရည်တွေရွဲပြီး အိပ်ပျော်နေတာ သဘောကျလို့ .."

  "အ့ာ .."

သူ့ ရဲ့ ရွတ်နောက်နောက်စကားကြောင့်
စန္ဒကူး ရဲ့ လက်ချောင်းသွယ်သွယ် နှစ်ဖက်ကို မျက်နှာ ကို အုပ်၍ ပွတ်သပ်ကာ
ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး တစ်ဖက်လှည့်သွားသည်။

  "မောင် မကောင်းဘူးကွာ .."

  "ဟော့ဗျာ ..ဘာလို့လဲ ဒီဖက်လှည့်လေ
   မောင် မှာ ဒီမျက်နှာလေး ကို ကြည့်ပြီး
   အသဲယား နေရတာ ..."

" အာပုတ်ရည်ရွဲနေတာဆိုငါရှက်တယ် ."
 
  "ဟော့ ဘာရှက်စရာရှိလို့လဲ ..
   ကိုယ်ယောင်္ကျားကြည့်တာပဲကိုး.."

  "ဒါပေမဲ့ .."

"မောင် က ဒီအတိုင်း နောက်လိုက်တာပါ
   ဒီဖက်လှည့်ပါဦး..."

"ဟင်အင်း .."

"လှည့်ပါဆို .."

"မောင် နော် ..ဖယ် .."

"မောင် ကို ကျောခိုင်းထားတာ မခံစားနိုင့်ဘူးကွာ . မောင်ဖက်လှည့်..."

သူ့ကို ကျောခိုင်းထားတာမို့
စန္ဒကူး ရဲ့ ခါးသိမ့်သိမ့် ကို
အတင်း ပြန်ဆွဲလှည့် ရသည်။

တုန်အောင် ချစ်ရသူမို့ ၃ နဲ့ ၄ လို့
ကျောခိုင်းပြီး အိပ်တာ သူ့မခံစားနိုင့်။

  " မောင် .."

"ဗျာ .."

မျက်နှာချင်းဆိုင့် ခေါင်းအုံးတစ်လုံး
တည်း အတူတူအုံး၍ တစ်ယောက်ခါး ကို တစ်ယောက်ဖက်ပြီး မျက်၀န်းချင်း
ဆုံကာ မေ ခေါ်တေ့ာ သူက ပြုံး၍
ထူးသည်။

ညက အံဥဿထူး အလုပ်ပင်ပန်းပြီး
တစ်ကိုယ့်လုံး ညောင်းညာ ကိုက်ခဲနေတာကြောင့် မေ မသိအောင် ဆေးခိုး
သောက်ရပြီး ဘုရားရှိခိုး နေတဲ့ မေ ကို
အိပ်ရာခင်း ကာ အိပ်စောင့်ရင်း
သူအစောကြီး အိပ်ပျော်သွားတာ ဖြစ်သည်။

   " မေ .."

" ဟင် .."

" ရှင် လို့ ထူးလေ ..မောင် ကျ ဗျာ လို့
   ထူး ရပြီး​တေ့ာ .."

  " မထူးတတ်ဘူး .."

" မောင် သင်ပေးမယ် ..ထူးတတ်အောင်လို့ .."

 မောင်သည် သာ မေအရာရာWhere stories live. Discover now