"ကိုရီးကလည်း ဒီမှာကအရိပ်လဲရှိတယ်၊ကောင်းကင်ကြီးကိုလဲကြည့်ရတယ်၊သဘာဝလေလေးကလည်းလတ်ဆတ်နေတာ ၊ဘယ်လောက်အမောပြေလဲ"

"ကဲ ဟုပ်ပါပီလာလာသွားစို့"

Fourthအပြောကိုမနိုင်ဘူးဟုခေါင်းခါကာအရှေ့မှထွက်သွားတဲ့ ကိုရီးDunkနောက်သူပါလိုက်ရတော့သည်

**********

"ဒီနေ့ အလုပ်သင်ဆရာဝန်အသစ်တွေရောက်တယ်တဲ့"

Dunkကပြောလာခဲ့တော့Fourthပြန်မေးလိုက်သည်

"ဘယ်နှစ်ယောက်တဲ့လဲ ကိုရီး"

"၃ယောက်လို့ပြောတာပဲ
ကိုရီးလည်း Dr.Joongပြောပြလို့သိတာ"

Dunkက ဂုတ်ပိုးကိုကုပ်ကာ အရှက်သဲစွာပြောလာခဲ့သည်

"ကိုရီးလည်းနော် သတိထားနေ Dr.Joongကကိုရီးကိုကြိုက်နေတာဆေးရုံက လူတိုင်းသိတယ်"

"ဘာကိုသတိထားရမှာလည်းဟ"

"အောင်းးးကိုရီးကမကြိုက်ဘူးမဟုတ်လား"

"ဘယ်သူကပြောလဲ မကြိုက်ဘူးလို့"

"ဒါဆိုကိုရီးကကြိုက်တယ်ပေါ့"

"Dr.လိုလူကိုငါကဘာလို့မကြိုက်ရမှာလဲ ငါကြိုက်တာပေါ့"

"တကယ်လားDunk ကိုယ့်ကိုတကယ်ကြိုက်တယ်ပေါ့"

Fourthနဲ့Dunkစကားပြောနေကြတုံးဘယ်ချိန်ကတည်းကရောက်လာမှန်းမသိတဲ့Joongကဝင်ပြောလာသည်

Joongစိတ်ထဲမှာတော့မေးပေးတဲ့Fourthကိုကျေးဇူးတင်နေတော့သည်

*သူမမေးရဲဖြစ်နေခဲ့တာအခုတော့ညီလေးကြောင့်အဆင်ပြေသွားပြီ ကျေးဇူးပဲညီလေးရေ*

Joongစိတ်ထဲမှFourthကိုကျေးဇူးတင်နေလိုက်သည်

"ဒါဆို ကိုရီးကျွန်တော်ဟိုဘက်ခန်းသွားရှင်းလိုက်အုံးမယ်နော်"

Dunkဆီကစကားပြန်ကိုမစောင့်တော့ဘဲFourthထွက်လာခဲ့လိုက်သည်

အတွဲတွေကြားနေရတာ ဒီကလူပျိုနုနုလေးက မျက်နှာပူပါသည်

**********

Fourthတစ်ယောက်အခန်းနံပါတ်၁၀၁၈မှာရှင်းခဲ့ပြီးစင်ကြံလမ်းပေါ်ကိုအမိုက်လှဲနေသည်

Oh My Doctor🌚(Complete)Unde poveștirile trăiesc. Descoperă acum