Part 1 ( U + Z )

74.1K 1.8K 142
                                    

Unicode

"အနောက်မှာဟ! နင့်အနောက်မှာ မသာမရဲ့! ဘေးကနေကပ်မလိုက်နဲ့ဟ! အကုန်သေကုန်တော့မှာပဲ"

Mobile Legends ကိုအသံပြဲကြီးနှင့်ဆော့နေသည့် မိန်းကလေးငယ် တစ်ဦး။ သူ၏ဘေးတွင် ချဉ်ပေါင်ရွက်ချွေနေသည့် မိခင်ဖြစ်သူကတော့ မျက်စောင်းတစ်ထိုးထိုးဖြင့် ။

"ဟဲ့မိဆု!!"

"ရှင်!"

"လက်ထဲကဖုန်းကိုအခုချစမ်း!"

"မေ ကလဲဘာပြောမလို့လဲ ရှုံးတော့မှာပဲ နောက်မှပြောပါလားလို့"

ဒေါ်သစ္စာမေ ဒေါသထွက်လာလေသည်။ ကျောင်းပိတ်ရက်လေးမိဘကိုဝိုင်းမကူ ။ မနက်မိုးလင်းတာနဲ့ ဖုန်းနဲ့မျက်နှာမခွါသော သမီးအား ထုထောင်းချင်နေသည်။

~ ဂေါက် ~

"အ့!! မေ!!"

ခေါင်းအားခပ်ပြင်းပြင်းခေါက်ချလိုက်သောကြောင့် ဆု မျက်ရည်တောင်ဝဲတက်လာလေသည်။ ကျောင်းဆရာမဟုမပြောရ ဆု မေမေ အတော်လေးလက်ဆပြင်းသည်။

"ဟင့်! မေမေ ဘာလို့ခေါက်တာလဲ နာသွားပြီ ဗြဲ..!"

"ငိုမနေနဲ့ အသံပြဲကြီးနဲ့ ကျောင်းပိတ်တုန်းမိဘကိုကူလုပ်ပါလား မနက်စာစားပြီးထဲက ဖုန်းနဲ့မျက်နှာကို မခွါဘူး"

"မေမေ ရယ် ကျောင်းပိတ်တုန်းလေး ဆော့ရတာပါ ကျောင်းဖွင့်တဲ့အချိန် ဆု ဆော့လို့လားလို့"

"မရှည်စမ်းနဲ့! ချဉ်ပေါင်ရွက်ချွေ"

ချဉ်ပေါင်ရွက်အား ဆောင့်အောင့်ကာ နှုတ်ခမ်းကြီးဆူလျှက် ချွေနေလေသည်။ ဒေါ်သစ္စာမေကတော့ သမီးဖြစ်သူမျက်နှာအားကြည့်ကာ ငိုရခက် ရယ်ရခက်ပင်။

ထိုစဉ် အိမ်အပေါ်ထပ်မှ မီးဖိုချောင်ထဲသို့ ဝင်လာသူမှာ ဦးမင်းသန့် ။ ဦးမင်းသန့် သည် Lily's Cosmetics ကုမ္မဏီကြီး၏ မန်နေဂျာတစ်ဦးဖြစ်သည်။ Lily's သည်မြန်မာပြည်တွင်သာမက Asia တွင်အောင်မြင်နေသည့် အလှကုန်ပစ္စည်းဖြစ်သည်။

"မောနင်းပါ ဒယ်ဒီ ဖာသား ဖေဖေ"

"ဟေ!!"

ဖင်ချထိုင်ရန် ခုံဆွဲတုန်းရှိသေး သမီးဖြစ်သူအား ဦးမင်းသန့် ကြောင်ကြည့်နေလေသည်။ မီးဖိုချောင်ထဲရှိ နံရံတွင်ကပ်ထားသော နာရီအား လှမ်းကြည့်ရာ ၁၁ ခွဲလေပြီ။ ဒါလား မောနင်း ။

Mommy Wife (Completed)Where stories live. Discover now