နင်မုန့်က အံ့ဩသွားသည်။

"ဘာလို့လဲ"

အပြင်မှာ တအားအေးတာ သူ့ကို မစောင့်ချင်ပါဘူး။ အိမ်ကို မြန်မြန်ပြန်ပြီး စောင်အောက်မှာ ခြုံပြီးပဲ ကွေးချင်တာပါ။

ရှီချီ၏ အားနေသော လက်က လက်ညှိုးလေးကို ကွေးသော အမူအရာလုပ်လိုက်ပြီးနောက် သူမ၏ခုံကို အနည်းငယ် ကုပ်လာလျက် ကျွတ်ဆတ်သော အသံမျိုးကို ထွက်လာစေသည်။ သူကမူ တည်ငြိမ်စွာသာ ပြောသည်။

"ဒီနေ့ ကိစ္စမှာ မင်း ငါ့ကို အများကြီး အကြွေးတင်.."

သူ့စကား မဆုံးခင်မှာ နင်မုန့်က ချက်ချင်း ပြောလိုက်သည်။

"ငါ စောင့်မယ်၊ ငါစောင့်မယ်.. ငါစောင့်မယ်.."

သူမက သူ့ကို စိုက်ကြည့်လိုက်သည်။ ဘယ်လောက်တောင် ကပ်စေးနည်းလိုက်သလဲ။

သူ့ရဲ့လက်ငှားပေးတဲ့ အကြိမ်အရေအတွက်ကိုတောင် တွက်ထားသေးတာလား။ ဟွန့်.. ကိုယ့်ရဲ့အဘွားကိုတောင် သဒ္ဓါဘူး။

ရှီချီကမူ မထူးခြားနားသလို ခေါင်းကိုသာ ပြန်လှည့်သွားသည်။ နင်မုန့်က တွေးလိုက်သည်။ သူမက သူနှင့်မငြင်းခုန်ချင်တော့ချေ။ မည်သို့ပင်ဆိုစေ သူမက သူ့ကို မှီခိုရန် လိုအပ်နေသေးပြီး သူကလည်း နောက်ပိုင်းတွင် သူ၏နွေးထွေးမှုကို လှူဒါန်းရန် လိုအပ်နေသေးသည်။

ကျောင်းပြီးသွားသောအခါ သူမက ထိုင်ခုံတွင် ဆက်ထိုင်နေလိုက်သည်။

ဆက်ရှိနေသေးသော လူတစ်ယောက်နှစ်ယောက်လည်း ရှိနေသေးပြီး ပြန်လည်သုံးသပ်မှု လုပ်ချင်နေကြသေးလေသည်။ မည်သို့ပင်ဆိုစေ ဤနေရာတွင် အပူပေးစက် ရှိနေရုံသာ မကလေဘဲ ကောလိပ်ဝင်ခွင့် စာမေးပွဲကလည်း နောက်စာသင်နှစ်တွင် ဆက်လက်ရှိလာတော့မည် ဖြစ်သည့်အပြင် အချိန်က ငွေဖြစ်လာသည်။

ရှီချီက သူ၏စာအုပ်ကို လွယ်အိတ်ထဲသို့ ထည့်လိုက်ပြီး မတ်တပ်ထရပ်ကာ ပြောသည်။

"သွားစို့.."

နင်မုန့်က မနေနိုင်ဘဲ မေးလိုက်သည်။

"နင်က စာအုပ်တစ်အုပ်တည်း ပါတာကို ငါ့ထက်တောင် ပစ္စည်းသိမ်းတာ နှေးနေသေးတယ်။ မဟုတ်သေးပါဘူး"

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now