ပို၍ဆိုးသည်မှာ သူ၏နွေးထွေးမှုနှင့် ဆိုလျှင်သူမ၏ ခံစားချက်က ပို၍ကောင်းသွားသည်။

အရိုးထဲထိ ရောက်နေသော ထိုအေးစိမ့်မှုက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။ ထိုခဏတွင် သူမကလက်ကို ပြန်ရုတ်သိမ်းလိုက်သည်။ ထိုအခါ တစ်ဖန် ပြန်အေးသွားပြန်သည်။ သူ့ကို ပြန်ထိလိုက်သောအခါ နွေးထွေးမှုက ပြန်ရောက်လာသည်။

"ဒီမြေးရဲ့ခန္ဓာကိုယ် တည်ဆောက်ပုံက တကယ်ကောင်းတာပဲ။ ရိုးရိုးရှင်းရှင်းနဲ့ သူ့ရဲ့လက်ကကို နွေးနေတာ"

နင်မုန့်က စနစ်ကို မေးသည်။

"ငါ ဒီဆောင်းတွင်း ကျော်သွားရင် ဆက်ပြီး အေးနေအုံးမှာလား ဒါမှမဟုတ် သေတဲ့အထိ အခုလို ဆက်တိုက် အေးစက်သွားမှာလား"

စနစ်ကပြန်ဖြေသည်။

"အခုလက်ရှိက ဆောင်းတွင်းမလို့ မင်းအေးနေတာပါ နွေရာသီ ရောက်လာတဲ့အခါ ခံစားချက် ပိုကောင်းသွားလိမ့်မယ် ဘာပဲဖြစ်ဖြစ် သာမာန်လူထက်တော့ ပိုအေးနေအုံးမှာဘဲ မင်းရဲ့ကိုယ်ထဲက ယင်စွမ်းအင်တွေက သိပ်သည်းနေတဲ့ အချိန်မျိုးမှာ အရမ်းအေးတယ်လို့ ခံစားနေရလိမ့်မယ်"

နင်မုန့်က တစ်ခဏခန့် တွေးတေားပြီးနောက် မေးလိုက်သည်။

"ဒါက ကုလို့မရတော့ဘူးလား"

စနစ်ကပြန်ဖြေသည်။

"မရဘူး ယင်လေထုက ကိုယ်ထဲဝင်ပြီးသွားတာနဲ့ အရိုးထဲကို တိုက်ရိုက် တိုးဝင်းသွားပြီး ခန္ဓာကိုယ်နဲ့ တစ်သားတည်း ဖြစ်သွားပြီ"

နင်မုန့် "..."

သူက တစ်စုံတစ်ရာကို ကျိန်ဆဲချင်သော်လည်း အရင်ကတည်းက သူမက မကိုင်သင့်သော အရာကိုသာ ထိကိုင်မိခဲ့ခြင်းဟု တွေးရတော့ပေမည်။ လက်ရှိအချိန်တွင် နောင်တနှင့် သူမ ယခုရနေသော အေးစိမ့်မှု ကြားတွင်သာ လွန်ဆဲနေရတော့သည်။

"ဟူး.. ငါ ဘာလို့ အရမ်းသနားစရာ ကောင်းနေတာလဲ"

တစ်တန်းလုံး သူမက လှုပ်လှုပ်ရှားရှား အဖြစ်ဆုံးဖြစ်သည်။

သူမက သူ၏ လက်ခုံကို လုံလောက်အောင် ထိပြီးသည်ဟု ခံစားရသည့်အချိန်တိုင်း ရှီချီ၏လက်ကို လှန်လိုက်ပြီး သူမ၏ လက်သီးကို သူ၏ လက်ဖဝါးအတွင်းသို့ ထိုးထည့်လေ့ရှိသည်။ ရှီချီကမူ သူမက လာဖက်ရန် ကြိုးစားနေသလိုပင် ခံစားလိုက်ရသည်။ သို့ရာတွင် သူက ဘာစကားမှ မဆိုချေ။ သူမက အအေးကြောင့် ဘောလုံးတစ်လုံးလို ကွေးနေကြောင်းကို မြင်နေရသောအခါ သူမ လုပ်ချင်သည့်အတိုင်း လုပ်ခွင့် ပြုထားလိုက်သည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now