Chapter -1

2.4K 89 2
                                    

Unicode
မနက်ခင်းနေရောင်ဟာ စတင်လင်းလက်စပြုလာလေပြီ

ချန်ကျို့ရွာငယ်လေးမှ လူများဟာလည်း သူတို့လုပ်ငန်းဆောင်တာတွေကို စတင်လုပ်ကိုင်နေကြပြီ

ဝမ်အိမ်တော်မှာတော့ အိပ်ပုတ်ကြီးတဲ့ ကာလနဂါးလေးတွေရှိနေတုန်းပါပဲ

"ဝမ်ရိပေါ် ရေကုန်နေပြီ"

"လာပြီ ကျန့်ရေလာပြီ "

ဝမ်ရိပေါ်တစ်ယောက် တစ်ဖက်အိမ်ကနေသာ ရေကိုသွားခပ်ပေး‌ရတယ်
ဝမ်အိမ်မှာက ရေတွင်းမတူးရသေးတဲ့အတွက် အိမ်နီးချင်းတွေဆီကနေ ရေခနခနသွားခပ်နေရတာကြောင့် အိမ်မှာ ရေတွင်းတူးဖို့လိုနေပြီလို့ ဝမ်ရိပေါ်တွေးလိုက်တယ်

"ဖေဖေ....ဖေဖေ...ဖေကြီး..ဟင့်....ဖေ..ဟင့်..ဖေဖေ...အူးးးးဝါးးးး"

အိမ်ရာကနိုးရာမှာ အဖေနှစ်ယောက်လုံးကိုမမြင်တဲ့အတွက် ထငိုနေတဲ့ အငယ်လေးအား ဝမ်ရိပေါ်အပြေးလေး သွားချီရပြန်ပါတယ်

"အယ်..အယ်...သားရေ ဖေကြီးရောက်လာပြီလေ..တိတ်တော့နော်...တိတ်တော့"

သားငယ်အငိုတိတ်သွားမှ သားကိုချီလျက် ခြေဖော့ကာ ကလေးဖေဖေ ရှိတဲ့ မီးဖိုခန်းထဲကို ဝင်လိုက်ရသည်

အခန်းထဲမှာကြာကြာနေလို့မရ အိပ်ပုတ် သုံးကောင်က အိပ်လို့ကောင်းနေတုန်းလေ

သားငယ်က သူ့ဖေဖေကို မြင်တော့ လက်ကလေးလှမ်းပြီးချီခိုင်းနေတာ

အခုလို အလုပ်တွေများပြီး ဖိုသီဘက်သီဖြစ်နေတဲ့ လယ်သမား ဝမ်ရိပေါ်ဟာ တစ်ချိန်က လုတျိန် နိုင်ငံတော်ရဲ့ အားကိုးရတဲ့ စစ်သူကြီးတစ်ယောက်ပါလို့ပြောရင် မည်သူမှ ယုံလိမ့်မည်မဟုတ်

ကျန့်က ဟင်းချက်ရာမှာ မအားတော့ သူ့လာမ‌ေခါ်တာကို သားငယ်လေးက ထငိုပါလေရော

"အီး...ဟီးးး..ဖေဖေ...ဖေဖေခေါ်...ဖေဖေခေါ်လို့..ဟီးးးးးးး"

"သားငယ် မဆိုးရဘူလေ ဖေဖေ အလုပ်ရှုပ်နေတယ် ဖေဖေပြီးရင် သားကိုချီမယ်လေ ဟုတ်ပြီလား"

သို့သော် ဝမ်ရိပေါ်သည် ကလေးများကို အလိုလိုက်လွန်းတာကြောင့် ဘယ်သားသမီးကမှ ဝမ်ရိပေါ်နဲ့ ရှောင်းကျန့်ကို မကြောက်ကြချေ ဆိုးချင်တိုင်းဆိုးပြီး ခေါင်းမာကြလေသည်

မင်းရယ် ကိုယ်ရယ် ကိုယ်တို့ကလေးလေးတွေရယ်Where stories live. Discover now